"အန်းလု...ကိုယ့်ကို ဒီဖိုင်တွေတွဲပေး...."
"ဟုတ် အကိုလျိုဖန်း..... "
လျိုဖန်းက အချက်အလက်တစ်ချို့
စုနေပြီး အန်းလုက ဘေးမှကူညီပေးနေသည်။
ချီရှန်းက အစည်းအဝေးများနှင့်
အလူပ်ရှူပ်နေလေ့ရှိသောကြောင့် ပို၍အတွေ့အကြူံများသော အတွင်းရေးမှူး ဖေးကိုသာ
ခေါ်သွားလေ့ရှိသည်။"ဒီနေ့ CEO လာမယ်လို့ပြောတယ်...."
ပင်းပင်းက သူတို့နှင့်မလှမ်းမကမ်းနေရာမှ
လှမ်းပြောသည်။
အန်းလုက စာရွက်အချို့ကိုစီနေရင်း
သူမအားလှမ်းကြည့်လိုက်သည်။"တကယ်လား...."
"အင်း....."
လျိုဖန်းက စိတ်ဝင်စားစွာဖြင့်ပင်းပင်းအား
လှမ်းကြည့်နေသော အန်းလု၏ခေါင်းလေးကို
သူ၏လက်တဖက်တည်းဖြင့်ပင်
ဆုပ်ကိုင်လိုက်ပြီး သူ့ဘက်သို့ပြန်လှည့်လိုက်သည်။"အန်းလု...အလုပ်ကိုအာရုံစိုက်....
ဒီနေ့ရှယ်ယာရှင်အစည်းအဝေးရှိလို့လာတာ
ဘာမှမထူးဆန်းဘူး...""အာ....ဟုတ်ကဲ့ပါ...."
အကုန်လုံးပြန်တိတ်ဆိတ်သွားပြီး
မိမိတို့လူပ်စရာရှိသည်ကိုသာဆက်လူပ်နေလိုက်ကြသည်။ တအောင့်ကြာမှ
ပင်းပင်းကပင် ထပ်မံ၍ စကားစလာပြန်သည်။"ဟဲ့ဟဲ့...ငါမနေ့ကလေ
ထမင်းစားဆောင်မှာ ကြားခဲ့ရတာ
CEOနဲ့ Director ကြီးတို့ သတင်း...."အကုန်လုံးစိတ်ဝင်တစားလှည့်ကြည့်ကြပြန်သည်။
တနေ့က ရှီးယန်အကြောင်း ချီရှန်းပြောပြသောကြောင့် သိသင့်သလောက်သိရှိပြီးဖြစ်သည်။သူတကယ်ကိုမယုံကြည်နိုင်စွာပင်
ထိုလူသားသည် ရက်စက်လွန်းလှသည်။
ချီရှန်းအနေနှင့်လည်း သူ့အားလိမ်စရာအကြောင်းမရှိ။ပင်းပင်းက ဆက်ပြောလာသည်။
"သူတို့နှစ်ယောက်က
ကြိုက်နေကြတာတဲ့.....""အာ....."
အားလုံးကစိတ်ဝင်တစားနားထောင်နေကြပြီး.ထိုစကားကိုကြားတော့ စိတ်ပျက်သွားဟမ်ဖြင့်
အော်လိုက်ကြသည်။
YOU ARE READING
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...