Part-5

24 3 2
                                        

နောက်နေ့နံနက် မြူနှင်းတွေပဲ ဖုံးလွှမ်းနေစဉ် ရုတ်တရက် မိုးမခတစ်ယောက် အိမ်ရှေ့မနက်ထွက်
ငိုက်နေလေရှာတယ် ။ သေချာတယ် ။ သူဖျားပြီဆိုတာ ။

"သားရေ ????"
"......"
"သား မိုးမခရေ "
"...."
"သားဘယ်ရောက်နေတာလဲမသိဘူး ဒီနေ့ ဘုန်းကြီးသွားပါမယ်ဆိုမှ မနိုးသေးဘူး ထင်တယ် အိပ်ခန်းထဲ သွားကြည့်မှ "
"ဟယ်.... သား ဘယ်ရောက်သွားတာပါလိမ့် အိပ်ခန်းထဲလည်း မရှိ ။ ဒီကလေး မနက်အစောကြီးဟိုးဘက်အိမ်များသွားနေတာလား မသိ ။ မင်းခန့် ကို မေးကြည့်မှပဲ "

       အန်တီအေးနွယ်ကလည်း ကိုယ့်သားက အိပ်ခန်းထဲမရှိတာနဲ့ပဲ မင်းခန့်ဆီတန်းသွားတာပဲနော် ။ ဒီလိုနဲ့ မိုးမခက လေဖြတ်နေမယ် ထင်တယ် ။ အန်တီအေးနွယ် ဘယ်လိုတွေးလိုက်မှန်းမသိပေမယ့် တကယ်ကို မင်းခန့်တို့ အိမ်ဘဲလ် သွားတီးလိုက်
တယ်။

(bell မြည်သံ)
"ဘယ်သူလဲမသိဘူး ???"
"အန်တီအေးနွယ်ပါ သား "
"အော် ဟုတ် အန်တီ လာပြီနော် "
         ယောက္ခမကြီးက ရုတ်တရက်ကြီး သူ့အိမ်လာတော့ လန့်သွားရှာမှာပဲနော် ။ ဒါပေမဲ့ ယောက္ခမကြီး ဆိုတာနဲ့ပဲ အမြန်တံခါးပေါက် ဖွင့်ပေးရှာလေတယ်။
"ဟုတ်... အန်တီ ..... ဘာ...ကိစ္စရှိလို့လဲဗျ"
"အော်.... သားသူငယ်ချင်းပေါ့"
"မိုးမခ ဘာဖြစ်လို့လဲဗျ"
                  မင်းခန့်ခမျလည်း မိုးမခဆိုတာနဲ့တင်ကို ကပြာကယာတွေ ဖြစ်ပြီး    စိတ်တွေဟိုရောက်ဒီရောက် နဲ့ မသိရင် မနက်အစောကြီးကို မီးပူဒယ်အိုး ထဲ ရုတ်တရက်ရောက်သွားသလို ချွေးတွေတောင် ပြန်နေရှာတယ် ။ ဟုတ်သားပဲနော် ။ အန်တီအေး နွယ် က ဆက်မပြောပဲ ရပ်နေတော့ မင်းခန့်ဆိုသည်မှာလည်း စိတ်ပူရရှာလေတယ်လေ ။

" သား သူငယ်ချင်း ကိုမနက်တုန်းက အန်တီနှိုးဖို့သွားတာ အိပ်ခန်းထဲမှာ သူမရှိဘူး အဲ့ကြောင့် သား.."
"ဟယ် သားလေး မင်းခန့် ဘယ်သွားတာလဲ"
"အန်တီအိမ်လေ မိုးမခ ရှာမလို့"
"အော်...အေးအေးအန်တီစောင့်အုံးလေ သားက လည်း "
           မိုးမခရေ မင်းဘယ်မှာလဲကွာ။ ဘယ်တွေသွားနေတာလဲ။ မင်းအခု ဘာလုပ်နေတာလဲကွာ။ နေပါအုံး။ သေချာစဉ်းစားကြည့်မှ မနေ့ညက သူ ဝန်ရံတာမှာ ထိုင်ပြီး စဉ်းစားနေတာ ငါတွေ့လိုက်တယ် ။ မဟုတ်မှလွဲရင် ....။ ဟာ... တကယ်ကြီးဟ ။ တစ်ညလုံး ဒီမှာပဲ ရှိနေတာလားမသိဘူး။ အိပ်ပျော်နေတာဆိုတော့ နှိုးရင်ကောင်းမလား မနှိုးရင် ကောင်းမလား။ အရင်ဦးဆုံး သူ့အခြေအနေသွားကြည့်ရမယ် ။ ဟာ.....ကိုယ်တွေပူနေတယ် ။ မဖြစ်ဘူး။ ဆေးရုံပို့မှပဲ ။

My Crush ❤️🧡💜💙💚💛🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ