Part-8

17 3 0
                                        

WhenTomorrow comes ,

"hey what's up guys "
"ဟယ် မင်းခန့်တစ်ယောက် အေးတိအေးစက်က တက်ကြွတဲ့ ကြက်ဖကြီးဖြစ်နေပါလား"
"ယမင်းကလဲဟာ ငါအရင်ကတည်းက အဲ့တိုင်းပါပဲဟ ဟုတ်တယ်မို့လား ရွှန်းလဲ့"
"အေး ဒါပေမဲ့ ... ဒီနေ့ ထူးဆန်းနေတယ် "
"ဟုတ်ပါ့ ဘာဖြစ်နေတာလဲ"
"ငါ့ crh ဆီကနေ အဖြေရမှာ "
"အော် အင်း "
   ရွှန်းလဲ့က အရင်ကတည်းက မင်းခန့်နဲ့ သိပြီးသားလူဖြစ်ပြီး မင်းခန့်ကို ကြိတ် crh နေသူကြီးပါ ။ မင်းခန့် က crh ဆီက အဖြေရမယ်ဆိုတော့ ရွှန်းလဲ့တစ်
ယောက် ရီရမလို ငိုရမလို ဖြစ်နေရှာတယ် ။
   ရွှန်းလဲ့တစ်ယောက် အဲ့လိုဖြစ်စဉ်ခိုက် မိုးမခမှာတော့ မျက်နှာတွေပူနေရှာတယ် ။
   စစ်မှုးကလည်း ဒီနေ့ ယမင်းကို ဖွင့်ပြောကြံနေတယ် ။
   ရုတ်တရက်ဆိုသလို ယမင်းတစ်ယောက် ပြောလိုက်တာက

"နောက်နှစ်ကျ ပြောင်းကျအုံးမှာလား"
"ဟုတ်သားပဲ ငါက ပြောင်းရမှာတဲ့ မိုးမခရေ မင်းငါနဲ့ ဝေးပြီပေါ့ကွာ"
"စစ်မှုးနင်က ဘယ်ပြောင်းမှာလဲ"
"မန်းလေး တဲ့"
"တခြားသူတွေရော"
"ငါတော့မပြောင်းဘူး "
"ငါက ပြောင်းရမှာ"
     မင်းခန့်တစ်ယောက်က နောက်နှစ်ဆို ပြင်ဦးလွင်
က အဘွားဆီမှာနေရမယ်ဆိုတော့ ..... မိုးမခခမျာ သနားပါတယ် ။
"မင်းခန့် မင်းက ဘယ်ပြောင်းရမှာလဲ"
     မိုးမခလည်း သူ့ဟာကြီးက မဖြေတောင်မပေးရသေးဘူး ။ သူ့နားက ခွာတော့မှာဆိုတော့ လန့်သွားရှာတယ် ။

"ပြင်ဦးလွင်တဲ့"
   မင်းခန့်လည်း ပြောပြီးတော့ ခန ကမ္ဘာကြီးက ရပ်တန့်သွားသလို လူတွေ အကုန်လုံးကလည်း ငြိမ်။ ထိုအခိုက်.....
"မိုးမခ ကမပြောင်းဘူးမို့လား "
"အေး ယမင်း နင်နဲ့ ငါပဲ ကျန်မယ်ထင်တယ်"
"ငါတို့လည်းပြောင်းရင်ကောင်းမလား "
"ဘာလို့ "
"ငါတို့ ဂိမ်းကစားကြရအောင် "
"ဘယ်လိုမျိုးလဲ"
"နောက်သုံးနှစ်ကျ monywa cinemax မှာ ပြန်ဆုံကြရမယ်လေ "
"မရဘူးလေ ယမင်းကလည်း နောက် ငါးနှစ်နေမှ
ပေါ့ဟ"
"ဘာလို့ လဲ ဟ စစ်မှုးကလည်း"
"ဟုတ်တယ် စစ်မှုးပြောတာမှန်တယ် ယမင်းရဲ့ ငါတို့က စနစ်သစ်မီရင် မရလောက်ဘူးဟ နောက်ငါးနှစ်
လောက်ကမှ ကွက်တိပဲဟ"
"အေးပါ သဘော "
"ထောက်ခံတဲ့လူ လက်ထောင် "
"ငါ ယမင်း"
"ငါ ရွှန်းလဲ့"
"ငါ ဝေယံ "
"ငါ စံပယ်"
"ငါ စစ်မှုး "
"ငါ မင်းခန့် "
"ငါမိုးမခ "
"ငါ ဆောင်းသပြေ"
"အမ် နင်က ငါတို့အဖွဲ့ထဲဝင်မလို့လား"
"အင်း မရဘူးလား"
"ရပါတယ်"
"ok နင်တို့ စကားပြောနေတာတွေ ရပ် ငါ 123 လို့ပြောရင် we are one လို့အော်ပြီး လက် မြှောက်လိုက် နားလည်ကြလား"
"အေး"
"1 ...2....3"

My Crush ❤️🧡💜💙💚💛🖤Where stories live. Discover now