Chapter 270

1.8K 172 6
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-7

အကယ်၍ အကြီးအကဲဖန်းက ထိုသို့မပြောဆိုခဲ့လျှင် ကောင်းမွန်သော်လည်း ထိုသို့ပြောဆိုခဲ့မှုက ထိပ်ဆုံး၁၀ယောက်ကို ရင်ဆိုင်နေကြရသော တပည့်များအတွက် ဝမ်းနည်းစရာ ဖြစ်လာခဲ့ပေသည်။

ဤအသံကို ကြားခဲ့ပြီးနောက်
အားဆေးတိုက်ကျွေးလိုက်သလိုပင် ထိပ်ဆုံးတပည့်
ဆယ်ယောက်၏ တိုက်ခိုက်မှုစွမ်းအင်များက မိုးထိအောင်ပင် ထိုးတက်သွားခဲ့ကြပေ၏။

ဤအရာက ဒုတိယအဆင့် ပြိုင်ပွဲဖြစ်သည်။ ထိပ်ဆုံးဆယ်ယောက်ကို ရင်ဆိုင်နေရသည့် ပြိုင်ဖက်များက အလွန်အမင်း သန်မာခြင်းမရှိခဲ့ပေ။

သူတို့က အင်အား
အကုန်ထုတ်သုံးလိုက်သည်နှင့် သာမန်တပည့်လေးများက မည်သို့ခုခံနိုင်တော့မည်နည်း။ သိုင်းကွက် တစ်ကွက် နှစ်ကွက်အတွင်း သူတို့အားလုံးက ရှုံးနိမ့်သွားခဲ့ကြ၏။

စင်မြင့်နံပါတ်၁နှင့် ကပ်လျက်ရှိသော စင်မြင့်နံပါတ်၂ပေါ်မှ ထန်ယုအာက ဆင်းလာခဲ့ပြီး စင်မြင့်နံပါတ်၁သို့ သွားရောက်ကာ ထျန်းယွီနှင့် စကားပြောနေခဲ့သည်။

“ထျန်းယွီ… ပထမအဆင့်ပြိုင်ပွဲ အပြီးမှာ နင်က အခြားပြိုင်ပွဲတွေကို သွားကြည့်လိမ့်မယ်လို့ ငါထင်တယ်…..”

ထန်ယုအာက အမြဲတမ်း ထျန်းယွီကို အသာရလိုနေခဲ့ပြီး သူမ၏အကြီးမားဆုံး ပြိုင်ဖက်အဖြစ် သတ်မှတ်ထားခဲ့၏။ သို့ဖြစ်၍ သူမက စီနီယာအစ်ကိုထျန်းယွီဟု မည်သည့်အခါတွင်မှ ခေါ်ဆိုခြင်းမပြုခဲ့ပေ။

လက်ရှိအချိန်၌ ထျန်းယွီက မျက်စိမှိတ်၍ အနားယူနေခဲ့သည်။ ထန်ယုအာက မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်ရ၍ မျက်လုံးများဖွင့်လိုက်ကာ ထန်ယုအာကိုကြည့်၍ ဖျော့တော့သောအပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ “နံပါတ်၅၂က စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဖက်တစ်ယောက်ပဲ… ဖြစ်နိုင်တာကတော့ ဒီတစ်ကြိမ် မဟာယှဉ်ပြိုင်ပွဲကြီးမှာ သူက ကြောက်စရာအကောင်းဆုံး မြင်းနက်တစ်ကောင် ဖြစ်လာလိမ့်မယ်… ဂျူနီယာညီမလေးယုအာက ဂရုစိုက်သင့်ပါတယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now