Chapter 278

1.5K 171 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(23)

Chapter(1)

ဤကိစ္စကို မျှော်လင့်ထားခဲ့သည့်တိုင် လုံးဝပင် အံ့အားသင့်ခဲ့ရပေသည်။

ထျန်းယွီ၊ ထန်ယုအာနှင့် ယီယွမ်တို့က နောက်ဆုံး
လေးယောက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ချိန်တွင် လော်ချန်ဖုန်းက ဝမ်းနည်းစရာဖြင့် ထွက်ခွာသွားခဲ့ရပြီး နောက်ဆုံးလေးယောက် အဆင့်သို့ တက်ရောက်လာနိုင်ခဲ့ခြင်း မရှိပေ။

မျှော်လင့်ထားသလိုပင် ထျန်းယွီနှင့် ထန်ယုအာတို့က နောက်ဆုံးလေးယောက် အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းက အကြောင်းပြချက်အတွင်း တည်ရှိပေ၏။

သို့သော် အံ့အားသင့်စရာ ကောင်းသည့်အရာမှာ ဤမဟာယှဉ်ပြိုင်ပွဲကြီး မတိုင်မီတွင် ထိုနံပါတ်၅၂က နောက်ဆုံးလေးယောက် အဆင့်သို့ ရောက်ရှိလာမည်ဟု မည်သူကမှ ထင်မထားခဲ့ပေ။

နောက်ဆုံးလေးယောက် အဆင့်သို့ တက်ရောက်လာခဲ့သော အခြားတစ်ယောက်မှာ စိတ်သလင်း
ဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် တပည့်နှစ်ဦးမှ တစ်ဦးဖြစ်သည့် စွေလျန့်ဟု ခေါ်သော တပည့်တစ်ဦး ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ယှဉ်ပြိုင်ရမည့် ပြိုင်ဖက်များက ထွက်ပေါ်လာခဲ့ပေ၏။ ယီယွမ်က ထန်ယုအာနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ထျန်းယွီက စွေလျန့်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထျန်းယွီနှင့် စွေလျန့်တို့၏ တိုက်ပွဲကို လူအများက စိတ်ဝင်စားကြခြင်းမရှိဘဲ ထန်ယုအာနှင့် ယီယွမ်တို့၏ တိုက်ပွဲက လူတိုင်း၏ အာရုံစူးစိုက်မှုကို ခံနေခဲ့ရသည်မှာ သိသာလှပေ၏။

ယီယွမ်က သူ၏လမ်းတစ်လျှောက်ရှိ အတားအဆီးများကို ချိုးနှိမ်ကျော်လွှားခဲ့ပြီး လော်ချန်ဖုန်းကိုယ်တိုင်ပင် သူ့အား ရှုံးနိမ့်ခဲ့ရသည်။ ဤအရာကြောင့် မူလက အသက်မဲ့နေသော အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးက ရုတ်တရက်ပင် အသက်ဝင်လှုပ်ရှားလာခဲ့၏။

ယီယွမ်က မည်သည့်အဆင့်ထိ ရောက်ရှိအောင် လျှောက်လှမ်းနိုင်သည်ကို လူတိုင်းက မြင်တွေ့ချင်နေခဲ့ကြသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now