Chapter 284

1.5K 174 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-7

“မဟုတ်… မဖြစ်နိုင်ဘူး… စီနီယာအစ်ကို ထျန်းယွီက သူ့ရဲ့ဓားကို တကယ်ပဲ လွှတ်ချလိုက်ပြီ…..”

“စီနီယာအစ်ကို ထျန်းယွီရဲ့ ကျွမ်းကျင်မှုတွေအားလုံးက သူ့ရဲ့ဓားအပေါ်မှာ မူတည်နေတယ်လေ… သူက ဓားကိုလွှတ်ချလိုက်တယ် ဆိုတော့ အရှုံးကို
လက်ခံလိုက်တာလား…..”

“ဟူး… ဒီအချိန်မှာ ယီယွမ်လက်တစ်ဖက်တည်း မြှောက်လိုက်တာနဲ့
တောက်ပသောလမင်း လို မြင့်မားတဲ့အဆင့်ရှိနေတဲ့ သိုင်းပညာရပ်တစ်ခုက အသက်မဲ့သွားခဲ့တယ်လေ… တိုက်ခိုက်နေစရာ ဘာလို့လိုအပ်နေတော့မှာလဲ… စီနီယာအစ်ကို ထျန်းယွီဖြစ်နေလို့ တော်သေးတယ်… တကယ်လို့ အဲဒီနေရာမှာ အခြားတစ်ယောက်သာဆိုရင် ယီယွမ်ရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ဓားကို အသုံးပြုဖို့တောင် သတ္တိရှိတော့မှာ မဟုတ်ဘူး…..” 

ထျန်းယွီက သူ၏ဓားကို ပစ်ချလိုက်ခြင်းအား မြင်တွေ့လိုက်ရ၍ ထိုအရာက ပရိသတ်များအကြားတွင် ပွက်လောရိုက်သွားစေခဲ့သည်။

ဓားကိုအသုံးပြုသူတစ်ယောက်က သူ၏ဓားကို လက်လွှတ်လိုက်ခြင်းမှာ သံသယရှိဖွယ်ရာမရှိ သူ၏လက်မောင်းတစ်ဖက်ကို သူကိုယ်တိုင် ဖြတ်လိုက်မိခြင်း ဖြစ်၏။ ဤအချိန်တွင် ထျန်းယွီ၏ အပြုအမူက လူတိုင်း၏အမြင်တွင် သူကအရှုံးပေးသွားခြင်း ဖြစ်သည်ဟူသော ထင်မြင်ချက်ကို ခိုင်မာသွားစေသည်။

အမှန်တကယ်တွင် ဤအခြေအနေကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သော လူအများအပြား ရှိနေခဲ့ပေ၏။

ယီယွမ်၏ဓားစိတ်ဆန္ဒက အလွန်အစွမ်းထက်လှသည်။ ထိုအရာက ကျော်လွှား၍ မရလောက်အောင် မြင့်မားသော တောင်တစ်လုံးနှင့် တူနေခဲ့ပေ၏။

ယီယွမ်က ထျန်းယွီကို ကြည့်နေရင်း သူ၏မျက်နှာအမူအရာက တဖြည်းဖြည်း ပို၍ တည်ငြိမ်လာခဲ့သည်။

ဤအရာက ထျန်းယွီ၏ အရှုံးပေးခြင်း ဖြစ်ဟန်မတူပေ။ သေချာတွေးကြည့်ပါက သူ့တွင် သေချာပေါက် လျှို့ဝှက်ပညာရပ်များ ရှိနေပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now