Chapter 292

1.4K 181 1
                                    

ပြိုင်ဖက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(၂၄)

Chapter-1

လီကျန်းယု၏ သိမ်းပိုက်ခြင်းအောက်တွင် ယီယွမ်၏ သဘာဝစွမ်းအင်မုန်တိုင်းက သေးငယ်သည်ထက် ပို၍သေးငယ်လာခဲ့သည်။

ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့်များက ဤမြင်ကွင်းကိုမြင်သော် ယုန်တစ်ကောင်၏ စျာပနကို တက်ရောက်လာခဲ့သော မြေခွေးတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေခဲ့ရ၏။

ဤအရာက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ နံပါတ်တစ်….. မဟုတ်သေးပေ။ တောင်ပိုင်းကုန်းမြေ၏ နံပါတ်တစ် ဂျီးနီးယပ်ဖြစ်သည်။

သူက ဒီလိုမျိုး ကျရှုံးသွားရတော့မှာလား…..

သူတို့က ဤအရာကို လက်မခံချင်သော်လည်း သူတို့၏ တိုက်ခိုက်မှုစွမ်းအားက အားနည်းသောကြောင့် မဟုတ်မှန်း သူတို့က သိရှိပေ၏။

ပြိုင်ဖက်က အလွန်သန်မာနေသောကြောင့် ဖြစ်သည်။ ယီယွမ်က မည်မျှအထိ အရည်အချင်းမြင့်မားသော ဂျီးနီးယပ်တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ယောက်သာဖြစ်ပြီး သူ၏ပြိုင်ဖက်က တောင်ပိုင်းကုန်းမြေ၏ နံပါတ်တစ် အဖွဲ့ကြီးမှ ဂျီးနီးယပ်တစ်ယောက် ဖြစ်ပေ၏။

နောင်တွင်ဖြစ်လာနိုင်သော အလားအလာကိုကြည့်လျှင် ယီယွမ်က လီကျန်းယုကို နောက်တွင်အတော်ဝေးကွာအောင် ချန်ထားရစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် လီကျန်းယုက ယီယွမ်ထက် အဓိကနယ်ပယ်ကြီးတစ်ခု ပိုမိုမြင့်မားပေ၏။

အကယ်၍ ယီယွမ်၏နေရာတွင် အခြားသူများဆိုပါက ထိုသူများမှာ လီကျန်းယုက သူ၏ခွန်အားအပြည့်အဝကို ထုတ်သုံးရန်အတွက် အရည်အချင်း ပြည့်မီခြင်းမရှိပေ။ သူတို့၏ ခွန်အားကုန်ထုတ်၍ အသုံးပြုခဲ့လျှင်ပင် အရှုံးပေးသွားရမည်ဖြစ်သည်။

သို့သော် ယီယွမ်ကဲ့သို့
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က တစ်ဖက်လူ၏ အစွမ်းအပြည့်အဝ ထုတ်သုံးရန် ဖိအားပေးနိုင်ခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now