Chapter 297

1.5K 174 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၄  )

Chapter-6

“ယီယွမ်… ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ကတောင် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်သွားခဲ့တာ အသက်ဆုံးရှုံးသွားခဲ့ရတယ်… ငါတို့ရဲ့ အကြီးအကဲတွေကို သူတို့ရဲ့သေခြင်းတရား ကိုယ်တိုင်ရှာဖွေဖို့ စေလွှတ်ချင်နေတာလား…..”

လင်ဖိုထျန်းက ဤမျှလောက်အထိ စကားများများပြောသည်မှာ ရှားပါးလှ၏။ လက်ရှိအချိန်၌ သူကအလွန် တင်းမာခက်ထန်နေခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းအရာကို ပုံမှန်တပည့်များမြင်တွေ့ရပါက အထစ်ထစ်အငေါ့ငေါ့ဖြင့် ထိတ်လန့်တုန်လှုပ်နေပေလိမ့်မည်။

“ဖိုထျန်း… ယီယွမ်ကို စကားဆုံးအောင် ပြောခွင့်ပေးလိုက်ပါဦး…..” လျှိုချင်ဖန်က ပြောဆိုခဲ့၏။

လင်ဖိုထျန်းက အံ့အားသင့်သွားခဲ့သည်။ သူကချက်ချင်းပင် သူ၏ပါးစပ်ကို ပိတ်လိုက်ပြီး တိတ်ဆိတ်သွားခဲ့ပေ၏။

ယီယွမ်ကလည်း ထိုကိစ္စကို စိတ်ထဲထည့်မထားခဲ့ပေ။ သူကဆက်လက်ပြောဆိုလိုက်သည်။ “တကယ်လို့ ကျွန်တော့်ရဲ့အမြင်ကသာ အဲဒီလျှို့ဝှက်နယ်မြေက မတည်ငြိမ်သေးတာ ဒါမှမဟုတ် ကန့်သတ်ချက်ပညာရပ်တွေ ရှိနေတာပဲ ဖြစ်လိမ့်မယ်… ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ရဲ့အထက်က သိုင်းပညာရှင်တွေ ဒီလျှို့ဝှက်နယ်မြေကို ဝင်ရောက်နိူင်စွမ်း မရှိကြတာပဲ ဖြစ်လိမ့်မယ်… အဲဒီနယ်မြေက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တွေ ဝင်ရောက်ဖို့ အလွန်အမင်း အန္တရာယ်များလွန်းတယ်… ဒါကြောင့်မို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ပြိုင်ဘက်မရှိတဲ့
အခြေအနေမှာ အခြားအဖွဲ့ခုနှစ်ဖွဲ့နဲ့ လက်တွဲပြီး အတူတကွ တူးဖော်ဖို့ ဖိတ်ခေါ်နေတာပဲ…..”

လျှိုချင်ဖန်ကလည်း အလွန်အံ့အားသင့်သွားခဲ့၏။ သူကပြောဆိုလိုက်သည်။ “ဒီလိုကိစ္စမျိုး ရှိနေတာပါလား… ဒီလိုဆိုရင်တော့ ကိစ္စအားလုံးက ရှင်းလင်းသွားခဲ့ပြီ… ဒီကိစ္စမှာ ဒီလိုမျိုး အကြောင်းရင်းတွေ ရှိနေတယ်ဆိုရင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဝင်ရောက်သွားရင်လည်း အသုံးမဝင်မှာ သေချာတယ်… ငါတို့က ဒီအဖြစ်အပျက်မှာ ပါဝင်ဖို့ လိုအပ်ရဲ့လား…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now