Chapter 298

1.6K 194 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုလား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၄  )

Chapter-7

မှော်ဆေးပညာရှင်များ၏ စွမ်းအားက ဤနေရာတွင် မူတည်နေပေသည်။

အတိတ်တုန်းက ငြိမ်သက်တိမ်တိုက်အဖွဲ့ကို အိုးရန်ထို့ထျန်းက ထိပ်တန်းနေရာ၌ အချိန်အတော်ကြာ ရပ်တည်နိုင်စေရန် ဦးဆောင်ပေးနိုင်ခဲ့ခြင်းမှာ ဤအချက်ကြောင့် ဖြစ်၏။

သူတို့က လုံလောက်သော အရင်းအမြစ်ပစ္စည်းများ ရှိနေခဲ့လျှင် မှော်ဆေးပညာရှင်များက ဆေးလုံးများစွာကို အသုံးပြု၍ ပုဂ္ဂိုလ်များစွာကို မွေးထုတ်ပေးနိုင်ပေသည်။

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်သုံးယောက်…..

အကယ်၍ သူတို့က အဆင့်(1) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်သုံးယောက် ဖြစ်နေခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် သူတို့က တောင်ပိုင်းကုန်းမြေတွင် အထင်သေး စော်ကား၍ရသည့် အဖွဲ့တစ်ခုအဖြစ်မှ လွတ်မြောက်သွားတော့မည် ဖြစ်၏။

“အမ်… ယီယွမ်… မင်းက အဆင့်(7) စိတ်ဝိညာဉ် ဖွဲ့စည်းဖြင်းနယ်ပယ်ကို တက်ရောက်သွားခဲ့ပြီလား… ဒါက… ဒါက… ဒီကျင့်ကြံခြင်းအမြန်နှုန်းက
နည်းနည်းလောက် မြန်ဆန်နေခဲ့ပြီ မဟုတ်လား…..” ကောင်းကင်မေပယ်က ယီယွမ်၏ ပြောင်းလဲနေမှုကို ရုတ်တရက် သတိပြုမိသွားခဲ့ပြီး အံ့အားတကြီး ရေရွတ်လိုက်သည်။

ယီယွမ်၏ ကျင့်ကြံခြင်းအမြန်နှုန်း အကြောင်းကို သူကသိရှိထားခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ ဤစကားများက ယီယွမ်၏ အခြေခံအုတ်မြစ် ခိုင်မာမှုမရှိဘဲ ဖြစ်သွားမည်ကို အလွန်စိုးရိမ်နေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ကောင်းကင်မေပယ်၏ စိတ်ပူမှုကို ယီယွမ်က နားလည်နေခဲ့၍ အသာပြုံးကာ ပြောဆိုလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးမှာ တပည့်လေးက ပါဝင်ဆင်နွှဲခဲ့လို့ နားလည်သဘောပေါက်မှု အချို့ရရှိခဲ့ပါတယ်… ဒါကြောင့် ကျွန်တော်က အဆင့်ချိုးဖျက် တက်ရောက်ဖို့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့တာပါ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now