အပိုင်း ။ ၁+၂+၃+၎

23.7K 943 4
                                    

❤စီအိးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ။ ၁+၂+၃+၎

Zawgyi

၁။ဘယ်​တော့မှ ထပ်မချစ်တော့ဘူး။

အချစ်... အချစ်ဆိုတာ ရူးမိုက်တဲ့ အရာမျိုးပဲ။
ဘယ်တော့မှထပ်မချစ်တော့ဘူးလို့ သူမကိုယ်သူမကျိန်ပြောခဲ့သည်။

ဘာကြောင့်လဲဆိုတော့.....
အချစ်နဲ့ပတ်သက်ပြီး သူမရဲ့မျှော်လင့်ချက်အားလုံး ဆုံးရှုံးခဲ့ပြီးပြီ။
ပြီးတော့....
သူမလိုလူမျိုးကလည်း အချစ်နဲ့မထိုက်တန်ဘူးထင်ပါတယ်။

လုချင်းယီ တစ်ယောက် သူမရဲ့ဘေးမှာ ခရီးဆောင်အိတ်တစ်လုံးနှင့် လက်မှတ်အရောင်းဌာနမှာ အလှည့်ကျဖို့စောင့်နေလေသည်။
သူမတို့ဟာ အားလပ်ရက်ရှည်ကို အပျော်စီးသင်္ဘောပေါ်တွင် အချိန်ဖြုန်းခွင့်ရခဲ့သည်။

ဒါကလည်း သူမဒီကိုလာဖို့ ကံကြမ္မာပဲလေ။

အခုတော့ သူမ...အသဲကွဲရင်းပင်လာခဲ့ရသည်။
သူမအရင်ဘဝက မကောင်းတာတစ်ခုခုများလုပ်ခဲ့လို့ အခုလိုပြန်ခံစားရတာများလား....

သူမခုနစ်နှစ်တောင် သူနှင့်အတူအချိန်ဖြုန်းခဲ့မိသည်။
အခုတော့ သူဟာလူလိမ်တစ်ယောက်ဆိုတာသူမ သိခဲ့ပြီ....
ဘာကြောင့်သူမကို အချိန်အကြာကြီးအရူးလုပ်ခဲ့လဲဆိုတာ စဉ်းစား၍မရ။
သူမဘာကြောင့်အရိပ်အမြွက်လေးတောင်မသိခဲ့ရတာလဲ...
သူမကန်းနေလို့များလား။

အလုပ်တွေနဲ့မအားလပ်သောကြောင့်
တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ဘူးဟုသူမထင်ခဲ့သည်။
သူ့မှာအချိန်မရှိလို့ဆိုပြီး သူမတို့ညစာအတူမစားရတာတောင်ကြာပြီပဲ။
သူ့ရဲ့အလိမ်အညာစကားတွေကို သူမဘာကြောင့်ယုံကြည်ခဲ့ရတာလဲ။

သူကမိန်းကလေးတစ်ယောက်နှင့်အတူ ညစာစားဖို့ အလုပ်ရှုပ်နေချိန်မှာတော့ သူမမှာသူ့ကိုလွမ်းရင်း အထီးကျန်ညကိုကျော်ဖြတ်ရသည်။

အို ဘုရားသခင်! သူမဟာဘယ်လိုတောင် ရူးမိုက်တာလဲ။
လုချင်းယီတစ်ချိန်တည်းမှာပင် ငိုချင်လာပြီး သေချင်စိတ်များပေါ်လာခဲ့သည်။
သူမတို့ဟာ ငယ်ငယ်တည်းကခင်မင်လာပြီး
သူငယ်ချင်းတစ်ယောက်လို အစ်မလိုလူမျိုးကလည်း သူမရဲ့ရည်းစားကိုစနိုက်ကျော်ပြီးသစ္စာဖောက်ခဲ့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now