Chapter - 28

38.3K 3.1K 64
                                    

(Unicode)

ဒီရက်ပိုင်းတွင်မူ ခန့်တည်နှင့် Jey စိတ်ဆိုးပြီး မခေါ်မပြောဖြစ်ကြပါသည်။ အိမ်ထောင်သက်တမ်းတလျှောက် ဒုတိယမြောက် စကားများခြင်းပင်။

ပထမတစ်ခေါက်က ခန့်တည် စကားပြောတာ လွန်သွားလို့ဆိုလျှင် ဒီတစ်ခေါက်က Jey စကားပြောတာ လွန်၍သာ။

Plan ဆွဲသည့်သူနေဖြင့်Material source ဘက် ဝင်မပါသင့်ဆိုပေမယ့် Indonesia source ကနေ Thailand material ဘက်ပြောင်းယူသည်ကို profit and lost မကြည့်သော ခန့်တည်ကို ပြောမိရာက အကျယ် အကျယ် ဖြစ်ကုန်ပါတော့သည်။

ခန့်တည် အလုပ်တချို့ လက်စသတ်လိုက်သည်။ လေးနာရီခွဲပြီ။ အိမ်ပြန်ရတော့မည်။ စိတ်ကို ခဲဆွဲထားခံရသလိုပင်။ စိတ်ဆိုးနေရသည်က သူ့ပုံစံမဟုတ်ပေမယ့် အမှားလုပ်ထားတာ အစ်ကိုဖြစ်နေသောအခါ သူအချော့ခံချင်ပါသေးသည်။

သာမန်ဆိုလျှင် ဒါဟာကြီးကြီးကျယ်ကျယ် ကိစ္စမဟုတ်ပါပဲနဲ့ အစ်ကို့ဆီက အချော့ခံရဖို့အတွက် ဒီကောင် မျက်နှာထားတင်းနေရတာ နှစ်ရက်ရှိပြီ။ သို့ပေသိ အစ်ကိုကတော့ ချောင်းတောင် လှည့်မဆိုး။

ကိုယ်ရှေ့ဆို သူနောက်၊ ကိုယ်ဧည့်ခန်းဆို သူအိပ်ခန်။ အဆုံးစွန်ဆုံး ကိုယ် Baymax ကိုချီလျှင်သူ Baybay ကိုပဲထိတော့သည်။

ဘယ်တော့မှ ပတ်ချွဲနှပ်ချွဲချော့မလဲ ..
မျှော်နေသူမှာ ရူးတော့မည်။

                             ~~~~~~

"ဟာ ဒါတော့ မင်းမှားတာပေါ့ Jey ရ"

မင်းညီက ကော်ဖီတစ်ငုံသောက်ရင်း ဝင်ပြောသည်။ ချမ်းစစ်ကတော့ တစ်ခုခုကိုတွေးနေတဲ့ ပုံစံ။ စကားဝိုင်းတည်နေရာက အာကာ့အိမ်ဖြစ်ပြီး ရည်ရွယ်ချက်က ခန့်တည်နှင့် ကိစ္စကို အဆုံးအဖြတ်ပေးဖို့သာ။ ဝင်မပါသည့် Louis နှင့်အာကာက ခွေးနှစ်ကောင်နှင့်ပလူးပလဲ။

"ငါထင်တာတော့ ခန့်တည်က အချော့ခံချင်နေတာ"

"ဖွီး"

သောက်လက်စ နို့တွေ ပြန်ထွက်ကုန်တော့ မင်းညီက တသျှူးကမ်းပေးရှာသည်။

"သူ့လိုယောကျ်ားရင့်မာကြီးက အချော့ခံချင်တယ်"

"အေးလေ မင်းပဲစဉ်းစား Jey ရာ၊ ဒီကိစ္စက အိမ်ထောင်ရေးကိစ္စမဟုတ်ဘူး၊ မင်းနဲ့သူ အလုပ်မှာဖြစ်တာ၊ ဒီလောက် ကြီးသွားစရာ အကြောင်းမရှိဘူး၊ ဒါ သူသက်သက် အချော့ခံချင်လို့၊ ယောကျ်ားရင့်မာဆိုတော့ မင်းလည်း တူတူပဲလေ၊ သူက အငယ်ဆိုတော့ ဆိုးချင်တာနေမှာပေါ့၊ Louis လည်းအဲ့လိုပဲ၊ ရစ်ချင်ပြီဆို ကြက်ဥကြော်အနှစ်ပေါက်လဲ ငါ့လာရစ်တာပဲ၊ အဓိကက လိုက်ချော့ခံချင်လို့"

Rhyme Made Of Love (Completed)Where stories live. Discover now