part 15

0 0 0
                                        

Love, but hurt part 15 ပုန်းကွယ်နေသော အလင်းစလေး 🍁🍁

လူအားလုံးကိုထွက်သွားစေလိုက်ပြီးသူနှင့်အတူ လန်ရှားနှင့်ချန်ရီကိုသာ နေခဲ့စေလိုက်သည်။
လန်ရှား က

"အရှင် သေချာအောင်စစ်ဆေးကြည့်ပါဦး။သူ့ရဲ့ ရုပ်က အတော်ပျက်စီးနေပေမဲ့
ကျွန်တော် သူ့ရဲ့ဝတ်စုံကနေ ဒီအလောင်းပိုင်ရှင်ကအရှင်ရှာနေတဲ့ သူဖြစ်လိမ့်မယ်လို့ ထင်မိခဲ့တာပါ။အရှင်ဒီကိုကြည့်ပါ။"

လန်ရှားက ထိုအလောင်း ၏ ဝတ်ရုံအတွင်းဘက် ကော်လာတွင်ရွှေချည်ဖြင့် ရေးထိုးထားသော
ချီ'ဟူသည့် စာလုံးအား ပြလိုက်သည်။ချီရှန်းက ကြည့်လိုက်ပြီး ဘာစကားမျှဆိုမလာတော့ ။
အနှီဝတ်ရုံသည် အန်းလုဝတ်ဆင်ရန် အတွက် သူပေးခဲ့သော ဝတ်ရုံပင်ဖြစ်သည်။
ချီရှန်းသည် မိမိဝတ်ရုံများအားအမြဲလိုလိုပင် မိမိ၏ နာမည်စာလုံးအစအား ရေးထိုးထားလေ့ရှိသည်။
ဤအကြောင်းအရာကိုတော့ သူ၏လူယုံများနှင့် နန်းတွင်း အချုပ်အလုပ်သမများမှလွဲ၍အခြားသူများသိလိမ့်မည့်မထင်။

ဝတ်ရုံအောက်နားစတွင်လည်းပြဲဆုတ်ရာအား တွေ့ရသည်။ ဤသည်က
သူဒဏ်ရာရစဉ်က အဝတ်အောက်ပိုင်းအားဖြဲပြီးစီးပေးခဲ့သည့် အဝတ်ပိုင်းလေး၏ မူလပင်။
ချီရှန်း စိတ်ကို အတက်နိုင်ဆုံးထိန်းချုပ်ထားသော်လည်းနှလုံးသားက အောင့်အောင့်တက်လာပြီး
ယိုင်လဲမလိုပင်ဖြစ်သွားရသည်။

လန်ရှားနှင့် ခေါင်းငုံ့ထားသောချန်ရီတို့ကအမြန်ပင် ကူတွဲရန်ပြေးလိုက်သည်။
ချီရှန်းက ရင်ဘက်ကိုဖိထားရင်းလန်ရှားတို့အား အကူအညီမလိုအပ်ကြောင်းလက်ကာပြလိုက်သည်။
လန်ရှားတို့နှစ်ယောက်ကလည်းပုံမှန်အတိုင်းပြန်ရပ်နေလိုက်ပြီး ချီရှန်းကိုတော့
မျက်နှာမလွဲကူညီရန်အသင့်ရှိနေကြသည်။
ချီရှန်းက ကိုယ်ကိုပြန်တည့်မက်လိုက်ပြီးမျက်စိမှိတ်ကာ ထိုနှစ်ယောက်အားအမိန့်ပေးလိုက်သည်။

"ရပြီ။မင်းတို့ထွက်သွားတော့။ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဒီအဆောင်ထဲကိုဝင်မလာစေနဲ့ သွားတော့။"

"မှန်လှပါ အရှင်။"

ထိုနောက် လန်ရှားတို့နှစ်ယောက်ထွက်သွားပြီးမှချီရှန်းသည် ထိုခေါင်းတလား၏ ဘောင်အား အားပြုရင်း
တစ်ကိုယ်လုံးအား မသယ်ချင်တော့သည့် လူတစ်ယောက်နှယ်ထိုခေါင်းတလား၏ ဘေးနားတွင်ကပ်လျက်ပင်
ထိုင်ချလိုက်တော့သည်။

Just saving itWhere stories live. Discover now