၅။ ရည်းစားရှိလား ။

7.1K 685 3
                                    

၅။

နောက်နေ့နံနက်တွင် ......

ရှန်းရီ ကတော့ သူ့ရဲ့ အဖေနှင့် အဖွားက အောင်သွယ်ပေးတာကို ရပ်လိုက်မယ်လို့သူထင်ခဲ့မိသည်။

ဒီလိုတွေ့ဆုံတာဟာ ဒီတစ်လတည်းမှာပင် သုံးကြိမ်ရှိနေပြီး သူရဲ့သည်းခံနိုင်စွမ်းကလည်း ကုန်သွားပြီဖြစ်သည်။

သူ့အဖေက အပျော်စီးသင်္ဘောလက်မှတ်ပေးခဲ့ပြီး သူ့အဖွားကတော့ အကယ်၍သူက အမျိုးသမီးတစ်ယောက်နဲ့ဒိတ်လုပ်ဖို့ငြင်းဆန်ပါက အိမ်မပြန်ခဲ့နဲ့ ဟု ဆန္ဒပြသည်။

အဲ့ဒါကြောင့် သူဒီကို လာဖို့ ဆုံးဖြတ်ခဲ့၏။

မနေ့တုန်းက သူ့ရဲ့ကိစ္စကိုဖြေရှင်းဖို့အတွက် ပန်ကိတ်လေးရဲ့အကူအညီကို သူယူခဲ့သည်။
ဒါကြောင့်လည်း သူ မနေ့ကလွတ်မြောက်ခဲ့သည်လေ။ ဒီနေ့ သူ ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ ရှားယုဟန်ရဲ့အရပ်အယောင်ကိုမတွေ့ရပေ။

လုချင်းယီ သူ့မ ရဲ့အရှေ့က ထိုလူကြီးကိုကြည့်လိုက်သည်။ စောစောတုန်းက သူမလွတ်မြောက်ဖို့ကြိုးစားပါသေးသည်။ ဒါပေမယ့် သူမကို ပန်ကိတ်လေးလို့ခေါ်တဲ့ထိုလူကြီးက သူရှေ့ရောက်လာချိန်မှာတော့ သူမ မလွတ်မြောက်တော့ဘူးဆိုတာ သိလိုက်ချေပြီ။

''တစ်ခုခုလိုအပ်လို့လား " သူမ ထိုလူကြီးကိုမေးလိုက်သည်။

'' ငါ မင်းနဲ့အပေးအယူကိစ္စတစ်ခု ဆွေးနွေးချင်တယ် " ရှန်းရီ အစပျိုးလိုက်သည်။

'' ဘာ အပေးအယူလဲ? ရှင် တစ်ခြားတစ်ယောက်ကို သွားမေးလို့မရဘူးလား? မနေ့ကကိစ္စကို ကျွန်မ ကျေနပ်သေးတာ မဟုတ်ဘူးနော် ။ ကျွန်မ ကိုအရှက်ကွဲအောင် မလုပ်ပါနဲ့တော့.....!"

ရှန်းရီ သူ့ရဲ့မျက်လုံးနက်တွေနဲ့သူမကိုစိုက်ကြည့်လိုက်တော့ လုချင်းယီ ထိုင်နေရင်း စိတ်မသက်မသာဖြစ်လာသည်။

'' မင်းကိုကြည့်ရတာ ချစ်သူမရှိဘူးထင်တယ် "

သူရဲ့စကားတွေက သူမရဲ့လူလိမ်ရည်းစားဟောင်းကို သတိရစေသောကြောင့် သူမမျက်နှာတစ်ချက်ရုံ့လိုက်သည်။တစ်ချိန်တည်းမှာပဲ သူမ ထိုလူကြီးကိုဒေါသထွက်လာရသည်။ သူ့ရဲ့စကားတွေက သူမရဲ့တုံးအမှုကို သတိပေးလိုက်သလိုပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now