part 18

0 0 0
                                        

Love, but hurt part 18 ကျားဂူအတွင်းသိူ့ 🍁🍁

"နန်းတော်ထဲမှာ ချမှတ်ထားသမျှစည်းမျည်းတိုင်းဟာ လိုက်နာဖို့တွေချည်းပဲ။
ပြီးတော့ မင်းတို့က အခု ဒီနေရာ ဒီဝူရှဲ့ အဆောင်မှာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူသင့်တယ်"

ဝူရှဲ့နန်းဆောင်၏ အနောက်ဖက်အပျိုတော် အဆောင်တွင် အားလော့က
အပျိုတော်အသစ်များအား လေ့ကျင့်သင်ကြားပေးနေသည်။

"အရေးကြီးဆုံးအချက်က အရှင့်ရဲ့မျက်နှာကို လုံးဝမော်ကြည့်ခွင့်မရှိပါဘူး။
အရာအားလုံးကို အလိုက်တသိလုပ်ဆောင်နိုင်ရမယ် ။အရှင့်ရဲ့ ဝေယျာဝစ္စ မှန်သမျှအားလုံးကို ကြိုတင်လုပ်ဆောင်ထားရမယ်။
အတတ်နိုင်ဆုံးအမှားမရှိအောင်ဆောင်ရွက်ရမယ်။ တခါတလေမှာ အရှင့်အမူအရာကိုနားလည်ပြီး အရှင်ဘာလိုချင်တယ်ဆိုတာကိုသိရမယ်။ မဟုတ်ရင်....... ရပါပြီ ဒီလောက်ပါပဲ"

အန်းလုကမူ အားလော့ပြောသည့်စကားများအား ဂရုတစိုက်နားထောင်ရင်းအကြပ်ရိုက်နေသည်။

(ဘယ်လိုသောက်ရူးဘုရင်လဲ။ မျက်နှာမကြည့် စကားလည်းမပြောမှတော့ ငါတို့ကဘယ်လိုလုပ်နားလည်မှာလဲ..........ဟူး.......ခက်ခဲတယ် ခက်ခဲတယ်။)

ထိုစဉ်

"ကဲ ကျန်တဲ့သူတွေက ကျရာတာဝန်ကိုစတင်ပြီး ထမ်းဆောင်လို့ရပါပြီ။
အိပ်ဆောင်အနေနဲ့ကတော့အရင်ကအဆောင်မှာပဲ။အခြားအပျိုတော်တွေနဲ့အတူအသုံးပြုရမှာပါ။
အရှင့်အိပ်ဆောင် သန့်ရှင်းရေးအတွက်အန်းလုက ကျွန်မနဲ့လိုက်ခဲ့ပေးပါ။"

အန်းလုပေါက်ကရအတွေးများအားရပ်တန့်လိုက်ပြီး

"အာ....ဟုတ်ကဲ့ပါ ။"

.............................

"ရှောင်ရှင်း......"

စာကြည့်ခန်းတွင် ချီရှန်းတယောက်သဝဏ်လွှာ များကို ဖတ်နေရင်းမှ ရှောင်ရှင်းအား ခေါ်လိုက်သည်။
ဘေးတွင် ရပ်နေသော ရှောင်ရှင်းကအမြန်ပင် ကိုယ်ကိုလှည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ရှောင်ရှင်း ရှိပါတယ် အရှင် ။"

"မင်းပြောကြည့်......ငါ့ကိုလိမ်ညာတဲ့သူတွေကို ဘယ်လိုအပြစ်ပေးရမလဲ။
သူတို့နဲ့ အသင့်တော်ဆုံးက ဘယ်လိုအပြစ်ဒဏ်မျိုးလို့ထင်လဲ။"

Just saving itWhere stories live. Discover now