Part 1 ( 2.1 )

5.4K 429 5
                                    

ကျူးယွင်ရှန့်သည် တုရွှီလန်ဘေးတွင် အသက်တွေကြီးတဲ့အထိ နေထိုင်ခဲ့သည်။ သူ​သေဆုံးပြီးနောက်​ကမ္ဘာကြီးကနေ ထွက်ခွာသွားဖို့ တုံ့ဆိုင်းမနေတော့ဘူး။ အရင် system ရဲ့ ထိန်းချုပ်မှုအောက်မှာ ဗီလိန်ဖြစ်တုန်းက တာဝန်တစ်ခုပြီးတာနဲ့ နောက်ထပ်တာဝန်တစ်ခုဆီ ချက်ချင်းပို့ခံရလို့ အသက်တောင် ကောင်းကောင်းရှုဖို့ အခွင့်အရေးမရခဲ့ဘူး။

ခုချိန်မှာတော့ သူ့ရဲ့ကိုယ်​ပိုင်​အချိန်​တွေကို
ထိန်းချူပ်​နိုင်​ပြီဖြစ်​လို့ ကြယ်​ပင်​လယ်​ထဲမှာ အကြာကြီး​နေခဲ့သည်​။ တုရွှီလန်​ကို ဆုံးရှုံးရလို့ ခံစား​နေရတဲ့ စိတ်​နှလုံးပူ​ဆွေးခြင်း တဖြည်းဖြည်း​ပျောက်​ကွယ်​လာတဲ့အချိန်​အထိ သူက သူရဲ့စိတ်​ဝိညာဉ်​ကို အနား​ပေးအိပ်​စက်​ခဲ့သည်​။ သူ နိုးလာတဲ့အခါ လက်​ကောက်​ဝတ်​မှာရှိတဲ့ AI နဲ့​နောက်​ထပ်​အကြံအဖန်​လုပ်​ဖို့ အဆင်​သင့်​ဖြစ်နေခဲ့ပြီ။

Lord God ရဲ့ ထိန်းချုပ်​မှု​အောက်​က​နေ လွတ်​မြောက်​လာတဲ့ အချိန်​အနည်းငယ်​အတွင်းမှာ တာဝန်​ယူပြီးဆုံးရမယ့်​တာဝန်​ခက်​ခဲ​လေ​လေ စိတ်​ဝိညာဉ်​ရဲ့ စွမ်းအင်​ပိုတိုးလာ​လေ​လေ ဆိုတာကို​လေ့လာမိခဲ့သည်​။ တစ်​ချိန်​တည်း မှာပဲ ကမ္ဘာကြီးနဲ့လည်း ပိုပြီးနီးနီးကပ်ကပ် ချိတ်ဆက်မိလာခဲ့သည်။ ကမ္ဘာကြီးနဲ့ host က တစ်ဦးနဲ့တစ်ဦး မှီခိုနေကြသည်။ တာဝန်​ပြီး​မြောက်​လို့ စိတ်​ဝိညာဉ်​စွမ်းအင်​တိုးတက်​အစွမ်း ထက်​လာရင်​Lord God က စုပ်​ယူပြီး သူတို့ရဲ့စွမ်းအင်​ကို ၎င်းရဲ့အပိုင်းအခြားနဲ့ ဆိုင်​တဲ့​ထောင်​ချောက်​တွေမှာ​ထောက်​ပံ့​ဖို့ အသုံးပြုခဲ့သည်​။

တာဝန်​အ​ရေအတွက်​အတိုင်းအတာတစ်​ခုထိ ပြီး​မြောက်​ရင်​ကမ္ဘာအစစ်​ဆီ ပြန်​ပို့​ပေးမယ်​ဆိုတဲ့ ကတိက အလှပဆုံး​သော လိမ်ညာမှု ဖြစ်​သည်​။ သူတို့​တွေက Lord God အတွက်​တောင်​ယာ တိရစ္ဆာန်အုပ်​စုသာသာပဲ ဖြစ်​သည်​။ သူတို့ကို ဆူဖြိုး​စေပြီး အစာအတွက်​သူတို့ကို သတ်​လိုက်​သည်​။

007 သူရဲ့စိတ်​အတွင်းထဲ နက်​နက်​နဲနဲ ထိုးထွင်း သိမြင်​တဲ့အခါ သူ ဒီလျှို့ဝှက်​ချက်​ကို အမှတ်​တမဲ့ သိရှိခဲ့သည်​။ သူက ဟက်​ကာတစ်​ယောက်​ဒါ​ကြောင့်​ကမ္ဘာအစစ်​ဆီပြန်​ချင်​လို့ ရမ်းကား ကြမ်းတမ်း​နေတဲ့ တစ်​ခြားသူ​တွေနဲ့ မတူဘူး။ သူအတွက်​က​တော့ ကမ္ဘာအစစ်​နဲ ပုံရိပ်​ယောင်​ကမ္ဘာကြား ထူးခြားပြီးကွာခြားမှု ဘာမှမရှိဘူး။ သူက ပုံရိပ်​ယောင်​ကမ္ဘာမှာ ပိုပြီး​တော့ စိတ်​ကူး​ပေါက်​သလို​နေထိုင်​လေ့ရှိသည်​။ သူက ပုံရိပ်​ယောင်​ကမ္ဘာရဲ့ ဘုရင်​တစ်​ပါးဖြစ်​သည်​။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now