Love, but hurt part 25 ဖုံးကွယ်ထားသင့်ပေမဲ့ 🍁🍁
"ရှန်းအာ.....အားလင်လေးရဲ့ ၂၀နှစ်ပြည့်မွေးနေ့ က နောက်တစ်ပတ်ထဲမှာနော်
မင်းသူ့မွေးနေ့ကို ဂုဏ်ပြုပေးဖို့သွားမှရမယ်"
မယ်တော်ကြီး၏ အဆောင်တော်တွင်နေ့လည်စာ အတူသုံးဆောင်ရန် အခေါ်လွှတ်သဖြင့်
ချီရှန်းက လာရောက်ကာအတူစားသောက်နေကြသည်။
ထိုစကားကြားသည့်အခါချီရှန်းက စကားတစ်ခွန်းမျှပင်မဆိုပုံမှန်အတိုင်းပင် အစားအသောက်များ
ဆက်လက်သုံးဆောင်နေလိုက်သည်။
"ရှန်းအာ...တစ်ခုခုပြောအုန်းလေမင်းမသွားလို့မရဘူးလေ သူကမင်းညီမဝမ်းကွဲ
လုံယွီပြည်နယ်ရဲ့ မင်းသမီးတစ်ပါး ငါ့အကိုတော်ကလည်း သူ့ကိုသဲသဲလှုပ်ချစ်တာ
ပြီးတော့သူမက ဒီတစ်ခေါက်မင်းကိုတကယ်လာစေချင်နေခဲ့တာ"
"ကျွန်တော်သွားလိုက်ပါ့မယ်"
ချီရှန်းက ထိုစကားတခွန်းထက်ပို၍မပြောတော့ပဲ နေလိုက်သည်။
ကျင်းဟွားလင်။သူမသည် ချီရှန်းနှင့်မောင်နှမ တစ်ဝမ်းကွဲတော်သည်ဆိုသော်လည်း ဆက်စပ်ကြည့်လျှင်
သူစိမ်းများသာ။
မယ်တော်ကြီးနှင့် ချီရှန်းသည်သွေးမတော်သည့်အတွက် ဟွားလင်သည်မယ်တော်ကြီး၏ တူမအရင်းသာဖြစ်သော်လည်းချီရှန်းနှင့် သွေးမတော်ခြင်း။
မယ်တော်ကြီးသည် အင်အားကြီးနိုင်ငံတစ်ခုဖြစ်သောလုံယွီပြည်နယ်၏ မင်းသမီးတစ်ပါးလည်းဖြစ်သည်။
ထို့ကြောင့် သူမသည် မိသားစုနောက်ခံအင်အားတောင့်တင်းလွန်းသူဖြစ်သည်။
ယခုအချိန်တွင် ထိုတိုင်းပြည်၌မယ်တော်ကြီး၏ အကိုဖြစ်လဲ ချီရှန်း၏ဦးရီတော်ကနန်းတက်အုပ်စိုးလျက်ရှိသည်။မယ်တော်ကြီးနှင့် လုံယွီဘုရင်သည်ချီရှန်းနှင့် ဟွားလင်အားလက်ထပ်ထိမ်းမြှားပေးရန်
ချီရှန်းတို့ငယ်စဉ်ကပင် ကတိကဝတ်ထားထားကြသည်။
ထိုဘုရင်သည် သမီးတော်များထဲတွင် ဟွားလင်အားအမြတ်နိုးဆုံးဖြစ်သဖြင့် သူမ အသက် ၂၀ ပြည့်ပြီးမှသာ
ထိုကိစ္စဖြစ်မြောက်ရန် ဆိုင်းငံ့ထားခဲ့သည်။
ငယ်စဉ်ကတည်းကမကြာခဏဆိုသလိုပင် ဟွားလင်သည်ချီရှန်းရှိရာ ချိုက်အန်းသို့လာ၍ဆော့ကစားလေ့ရှိသည်။
လုံယွီနှင့် ချိုက်အန်းသည် သိပ်မကွာလှသော်လည်းတစ်ရက်နီးပါးခန့်ေတာ့ခရီးရှည်သည်။
