၄၁။ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

449 10 2
                                    

မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်-ဂျူး

💔

မောင့်အပေါ်မှာ မျှဝေခံစားမှုမရှိဘူး။ မောင့်အပေါ်မှာ နားလည်မှုမရှိဘူးလို့ မောင်စွပ်စွဲတာကို ကိုယ်နားထောင်နေတဲ့အချိန်မှာ မျှဝေခံစားမှု အများကြီးပေးဆပ်နေခဲ့ရတဲ့ ကိုယ်ဟာ အင်အားတွေ ဆုတ်ယုတ်ကုန်တော့တယ်။

ကိုယ်ပေးဆပ်ခဲ့သမျှ နားလည်မှုတွေ၊ လိုက်လျောမှုတွေဟာ ဘယ်ကိုရောက်သွားပြီလဲ။ ကိုယ်ပေးပြီးသမျှ မင်းမရတဲ့အဖြစ်ဟာ ကိုယ်တို့နှစ်ယောက်တည်းအတွက် လောကရဲ့သီးသန့်ကျိန်စာတခုသာ ဖြစ်ပါလိမ့်မယ် ။

💔
တခါတခါတော့ ဖတ်လက်စစာအုပ်လွတ်ကျသွားကာ မောင်သည် အပူပင်ကင်းမဲ့စွာ အိပ်ပျော်သွားတတ်၏။ ကျွန်မသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော မောင့်ကို မနာလိုဝန်တိုစိတ်ဖြင့် မျက်ရည်ရစ်ဝဲကာ အိပ်ပျော်အောင် မနည်းအာရုံစုစည်းရသည်။

တခါတခါကျတော့ ကျွန်မကြိုးစားဆောက်တည်ထားရသော မာနလေးကို ဖြိုခွဲ၍
တဖက်သို့လှည့်၍ အိပ်ပျော်ရန်ကြိုးစားနေသောမောင့်ပါးပြင်ကို လက်ဖျားကလေးဖြင့် ညင်သာစွာ ပွတ်သပ်မိသည်။

💔
နာကျည်းဖို့ကောင်းစွာပင် မောင့်အရှုံးသည်ကျွန်မ၏အရှုံးလည်း ဖြစ်နေသည်။

ကျွန်မ...မောင့်အပေါ် ရှုံးနိမ့်ခဲ့စဥ်က မောင်သည် အောင်နိုင်သူတယောက်ဖြစ်ခဲ့သော်လည်း မောင်ကျွန်မအပေါ်ရှုံးနိမ့်သည့်အချိန်တွင်လည်း  ကျွန်မသည် မောင်နှင့် ထပ်တူညီမျှစွာ ရှုံးနိမ့်သူပင် ဖြစ်ရပြန်သည်။

💔မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်💔

ချစ်သူနှစ်ယောက်ကြားမှာ မာနတွေ အဲ့လောက်ထိထားစရာလိုလို့လား။ ဘာလို့ နှင်းကို အကောင်းမြင်မပေးနိုင်ရတာလဲ။

မောင် အရမ်းအတ္တကြီးလွန်းတယ်
​နှင်းရဲ့အချစ်တွေကို မမြင်နိုင်လောက်အောင် မောင့်အတ္တတွေ ဖုံးလွှမ်းနေတာ
မောင်ဟာ နှင်းဘက်ကိုကျ နည်းနည်းမှတွေးမပေးပဲ မောင်ပဲနစ်နာနေတဲ့ပုံစံနဲ့ ..
တခါလာလည်း ပတ်ဝန်းကျင် တခါလာလည်း ပတ်ဝန်းကျင်နဲ့ အဲ့ဒီပတ်ဝန်းကျင်က မောင့်ကို ထမင်းကျွေးနေလို့လား
နှင်းတယောက်တည်းကိုပဲ ကြည့်ပြီး ချစ်ပေးလို့ မရဘူးလား မောင်ရယ်

အချစ်ကြီးလွန်းရင် အမျက်ကြီးလွန်းတယ်တဲ့
မောင့်ကိုအရမ်းချစ်လွန်းလို့ မုန်းသွားခဲ့တာလို့ နှင်းပြောရင် ယုံလိုက်ပါမောင် ...

ကိုယ့်မှာ နှင်းနေရာက ခံစားပြီး ငိုလိုက်ရတာ
မောင့်ကိုအရမ်းချစ်လို့ အရာရာ​အလျော့ပေးခဲ့ပေမယ့် သူလည်း မာနရှိတဲ့မိန်းမတယောက်ပဲလေ.. လျှစ်လျူရှုခံရပါများတော့ ကိုယ့်ဘာသာရှက်မိလာတယ်။ ကြာတော့ သူတောင် မာနထားသေးတာ ငါကဘာလို့မထားနိုင်ရမှာလဲ ဖြစ်လာတယ်။ မောင့်လိုမျိုး နေနိုင်ဖို့ ကြိုးစားလာတယ်။ အဲဒီမှာ မောင်က မာနထားပါတယ်ဆိုပြီး စွပ်စွဲလာပြန်ရော။ သူရယ် ကိုယ်ရယ် မာနပြိုင်ရင်း မောင်ဟာ နှင်းကိုမချစ်ပါဘူး ဆိုတဲ့ အတွေးတွေနဲ့ နောက်ဆုံး မောင့်ကို မုန်းတီးလာခဲ့မိတယ်။ မောင်ဟာ နှင်းရဲ့ အချစ်တွေနဲ့မထိုက်တန်ဘူး။ ကိုယ်လည်း မောင့်ကိုမုန်းတယ် 🙂

💔  💔 💔 2019 Dec 31
၂၀၁၉အစကို ဆုံလေရက်နဲ့လွမ်းလေခြင်းနဲ့စပြီး ၂၀၁၉အပိတ်ကို မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်နဲ့ အဆုံးသတ် ❤





To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Jan 01, 2020 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များOpowieści tętniące życiem. Odkryj je teraz