.. ၈၀ ..
20.9K 2K 121
《Zawgyi》
အပိုင်း - ၈၀
[သူမ၏ အိပ်မက်နောက်သို့
လိုက်နေခြင်း - ၂]
ချင်းစုယွဲ့ဟာ မာမားပိုင်နဉ်းနှင့်အတူ နှစ်သစ်ကူးပွဲတော်အတွက် ပစ္စည်းတွေ ဝယ်ယူနေကြရင်းမှ ပိုင်နဉ်းက ပြောလိုက်သည်။ "Aမြို့က ဘာတွေများ အရမ်းကောင်းနေလို့တုန်း? သမီးက မနေ့ကလေးတင်ပဲ ရောက်တာနော် ပြီးတော့ မနက်ဖြန် နှစ်သစ်ကူးအကြိုနေ့ကလည်း အဆင့်သင့်"
ချင်းစုယွဲ့က သူမရဲ့မာမားအား ချော့မော့ကာဖြင့် "မာမားကလည်း ဒေါသမထွက်ပါနဲ့ ... သမီး နှစ်သစ်ကူးပွဲတော်အပြီး နောက်ရက်နည်းနည်းလောက် ထပ်နေပါ့မယ်နော်"
ပိုင်နဉ်းမှာ စိတ်မပါ့တပါဖြင့်သာ သဘောတူလိုက်ရသည် "နှစ်သစ်ကူးပွဲပြီးရင် အရမ်းအစောကြီး မပြန်ရဘူးနော် သမီး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီရှင်" ချင်းစုယွဲ့ဟာ ပါးစပ်ကနေသာ သဘောတူနေပေမယ့် သူမ ပြန်သွားလို့ရမယ့် အကောင်းဆုံးတစ်နေ့အား အစီအစဉ်ချနေခဲ့ပြီး ဖြစ်၏။ ဘယ်နည်းနှင့်မဆို Aမြို့ဟာ ကောင်းမွန်သည်ဟု သူမ ထင်မိပြီး အနည်းဆုံးတော့ Aမြို့တွင် ဝတ္ထုစာအုပ်ထဲမှ လူတစ်ယောက်မှ မရှိနေခြင်းပင်။ ထိုနေရာတွင် ဝတ္ထုထဲမှ လူတစ်ယောက်မျှ မရှိသောကြောင့် သူမ အရမ်းကြီး စိုးရိမ်ပူပန်နေစရာလည်း မလိုပေ။ ကန့်သတ်ချက်တွေ မရှိပဲနှင့် သူမဘာသာ နေနိုင်ဖို့အတွက်လည်း အခွင့်အရေးပေးလေသည်။
ချင်းစုယွဲ့မှာ ရှန်ကျင်းမြို့တွင် အချိန်အကြာကြီး နေရမည့်အရေးအား ကြိုတွေးကာ ပူပန်နေမိသည်။ ချင်းစုယွဲ့က ဇာတ်ကြောင်း ရှေ့ဆက်သွားဖို့အတွက် အရေးကြီးသော ဇာတ်ကောင်တွေထဲမှ တစ်ယောက် ဖြစ်သဖြင့် သူမ ကြာကြာနေလေလေ ဇာတ်ကြောင်းက ဝတ္ထုထဲကအတိုင်း လိုက်ပြီးဖြစ်ပျက်ဖို့ အခွင့်အရေး များလေလေဖြစ်မှာကို ကြောက်ရွံ့မိလေ၏။ ဇာတ်သိမ်းက မူရင်းဝတ္ထုအတိုင်းသာ တူညီသွားမည် ဆိုပါလျှင် သူမရဲ့ ကြိုးစားအားထုတ်ခဲ့မှုအားလုံး သဲထဲရေသွန် အချည်းနှီးဖြစ်သွားမည်ကို မလိုလားလှသည့်အပြင် ၎င်းမှာ အလွန်တရာ ဝမ်းနည်းဆွေးမြေ့ဖွယ်ကောင်းသည် ဆိုတာထက်ကို ပိုသွားပေလိမ့်မည်။