Chapter 304

1.4K 167 4
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-13

ယန်အာက ရုတ်တရက်ပင် သူမ၏ မျက်ရည်များကို သုတ်၍ ပြောဆိုလိုက်သည်။ “ကျွန်မသိတယ်… ရှင်က ကျွန်မတို့မိသားစု သခင်မလေးရဲ့ အလှအပ ဖမ်းစားမှုကို ခံစားလိုက်ရတဲ့အတွက် ဒီလိုစကားတွေကို ပြောနေတာမလား… ဟုတ်လား မဟုတ်ဘူးလား… ရှင့်ကို ကျွန်မပြောလိုက်မယ်… အဲဒီအကြံအစည်ကို စွန့်လွှတ်လိုက်ပါတော့… ကျွန်မတို့မိသားစု သခင်မလေးက တစ်စုံတစ်ယောက်ကို နှစ်သက်ခဲ့ပြီးပြီ…..”

ယန်အာ၏ စကားများ ထွက်ပေါ်လာသည်နှင့် လီအာ၏ မျက်နှာအမူအရာက မှုန်မှိုင်းသွားခဲ့၏။ သူမ၏ မျက်လုံးများကလည်း စိတ်ထိခိုက်နေသည့် အမူအရာများ ပေါ်ပေါက်နေခဲ့သည်။

ယီယွမ်က အံ့အားသင့်သွားခဲ့၏။ သူက လီအာ၏မျက်နှာကို ကြည့်လိုက်သော်လည်း မည်သည့်စကားမှ ပြောဆိုခဲ့ခြင်းမပြုခဲ့ပေ။

ဤရုပ်ရည်ကို ယီယွမ်က အထင်သေးခြင်း
မရှိသော်လည်း သူက သူမ၏ အလှအပ၌ ကျရှုံးသွားရန် ဆိုသည်မှာ မဖြစ်နိုင်သော အရာတစ်ခု မဟုတ်ပေလော။

ဤသို့ဆိုလျှင် ထိုကိစ္စက မည်သို့ဖြစ်နိုင်မည်နည်း။

ဒီယန်အာမိန်းကလေးက သူမမိသားစု သခင်မလေးကို ယုံကြည်မှု အပြည့်ရှိနေတာပဲ…..

လီအာကို အသာထား၍ ယန်အာကိုယ်တိုင်ပင် “လှပသည်”ဟူသော စကားလုံးနှင့် ဆက်နွယ်မှုမရှိပေ။

“ယန်အာ… ပေါက်တတ်ကရ ပြောနေတာကို ရပ်လိုက်ပါ… ငါ့ရဲ့ ရုပ်ရည်နဲ့ဆိုရင် ဆရာလေးယီက ငါတို့ကို ကယ်ဆယ်ဖို့တောင် ပြန်လာခဲ့မှာ မဟုတ်ဘူး… အလှအပဆိုတာ ဘယ်နေရာမှာရှိလို့လဲ…..” လီအာက ယန်အာကို ကြည့်၍ စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ သခင်မလေး… စောစောလေးက သူ့ရဲ့ တဏှာရူးအကြည့်ကို သခင်မလေး မမြင်လိုက်ဘူးလား…..” ယန်အာက ထပ်မံ၍ အတွန့်တက်လိုက်ပေ၏။

ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ကူရာကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။ “ယန်အာမိန်းကလေးက ကျွန်တော့်ရဲ့ အပြုအမူကို အထင်လွဲနေပြီဆိုမှတော့ ကျွန်တော် ဘာမှမပြောခဲ့ဘူးလို့ သဘောထားပေးပါ… ကျွန်တော့်ရဲ့ စီနီယာတွေက ကျွန်တော့်ကို စောင့်ဆိုင်းနေကြပြီ… နှုတ်ဆက်ပါတယ် မိန်းကလေးတို့…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now