Chapter 309

1.4K 168 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၅ )

Chapter-4

အဖွဲ့အကြီးအကဲများ အားလုံးက မှန်ကန်သော မှန်းဆချက်တစ်ခုကို တွေးတောခဲ့မိကြပြီဖြစ်သည်။ သူတို့က ထောင်ချောက်တစ်ခု အတွင်းသို့ ကျရောက်သွားခဲ့သည်ဟု ခံစားခဲ့ရ၏။

လျှို့ဝှက်နယ်မြေကို တူးဖော်ခြင်းမပြုရသေးခင်ပင် သူတို့က ဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ရခဲ့သည့်အတွက် အဖွဲ့အကြီးအကဲများက ထိုအရာကို လက်ခဲနိုင်စွမ်း မရှိသည်မှာ သိသာလှပေသည်။

ဝူကျောက်က အဖွဲ့များစွာမှ အကြီးအကဲများက သူ့အားမေးခွန်းထုတ်ကြသည်ကို မြင်သော် တိတ်တဆိတ် ကျေနပ်သွားခဲ့၏။ သို့သော် သူ၏မျက်နှာတွင် စိတ်မကောင်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ "ကောင်းကင်နဲ့ ငရဲရဲ့ အလိုဆန္ဒအရ ဒီဝူက သစ်ခွနှလုံးသားပန်းပွင့်မှာ သေစေနိုင်တဲ့ အဆိပ်ရှိနေတာကို ဘာလို့သိနိုင်မှာလဲ… ကျုပ်တို့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့ရဲ့ နယ်မြေက အလွန်ကျယ်ပြန့်လို့ အရင်းအမြစ်တွေ ပေါများပြီး သစ်ခွနှလုံးသားပန်းပွင့်တွေ မရှားပါးဘူးလေ… ဒါကြောင့် ကျုပ်တို့က ခင်ဗျားတို့ကို အရင်ဆုံး ရိတ်သိမ်းခိုင်းလိုက်တာ… ဒီလိုကိစ္စမျိုး ဖြစ်သွားမယ်လို့ ဘယ်သူကသိခဲ့မှာလဲ….."

"ဟမ့်… ဟန်ဆောင်နေတာ ရပ်လိုက်တော့ အကြီးအကဲဝူ… ခင်ဗျားတို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ဒီမတိုင်မီ လာခဲ့မယ်ဆိုရင် ခင်ဗျားတို့က ဘယ်လိုမျိုး မသိဘဲနေမှာလဲ….." အကြီးအကဲတစ်ယောက်က ဒေါသတကြီး ပြောဆိုခဲ့၏။

ဝူကျောက်က စိတ်မကောင်းသည့် အကြည့်တစ်ခုဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့တစ်ခုတည်းက မလှုပ်ရှားကြတာတော့ မဟုတ်ဘူးလေ… ငြိမ်သက်တိမ်တိုက်အဖွဲ့လည်း မလှုပ်ရှားကြဘူး… ဘာလို့ လူတိုင်းက ငါတို့ ကောင်းကင်ဘုံတိမ်တိုက်

အဖွဲ့ကို ပစ်မှတ်ထားနေကြတာလဲ….."

ဝူကျောက်က ထိုသို့ပြောလိုက်သည့်

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now