Chapter 316

1.4K 164 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-11

"သခင်မလေး… ဒီဆရာယီက တော်တော် ကြောက်စရာကောင်းတယ်… အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်နဲ့ အန္တိမအစစ်အမှန်အသိရဲ့ အခြေခံအဆင့်ကို နားလည်သဘောပေါက်

သွားနိုင်ခဲ့ပြီ… သူက မကျရှုံးသွားခဲ့ဘူးဆိုရင် အနာဂတ်မှာ သူက နတ်ဘုရားနိုင်ငံတော် တစ်ခုလုံးကို လှုပ်ခါနိုင်မဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မှာ အသေအချာပဲ….."

စောစောလေးက ဤတိုက်ပွဲကိုကြည့်၍ ယန်အာက အချိန်အတော်ကြာအောင် ပါးစပ်ပိတ်မရခဲ့ပေ။ သူမ၏ မျက်နှာမှ အံ့အားသင့်မှုက နည်းနည်းနောနော မဟုတ်ခဲ့ပေ။

လီအာကလည်း စကားမပြောနိုင်ခဲ့သည်အထိ ထပ်တူတုန်လှုပ်နေခဲ့သည်။ သူမက တွေးနေခဲ့မိ၏။ "သူက ဘယ်သူလဲ… ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် နတ်ဘုရားနိုင်ငံတော်မှာတောင် သူကထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှာပဲ… သူကဘာလို့ အဆုံးမဲ့ကမ္ဘာကြီးလို သေးငယ်တဲ့ ကမ္ဘာတစ်ခုမှာ နေထိုင်နေရတာလဲ….."

"ဟုတ်တယ်… အဆုံးမဲ့ကမ္ဘာကြီးက အဆင့်နိမ့်နယ်မြေတွေ သန်းရာချီရှိနေတဲ့အထဲမှာ တော်တော်လေးကို လူသိများခြင်းမရှိတဲ့ နယ်မြေသေးလေးတစ်ခုပဲ… ပြီးတော့ တောင်ပိုင်းကုန်းမြေရဲ့ သေးငယ်တဲ့အဖွဲ့လေးမှာ ဆရာယီက အန္တိမအစစ်အမှန်အသိရဲ့ အခြေခံအဆင့်ကို ဘယ်လိုလုပ်ပြီး နားလည်သဘောပေါက် သွားခဲ့တာလဲ… အဲဒါက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲလေ….."

လီအာက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ "ငါလည်း အဲဒါကို မယုံကြည်ရဲသေးဘူး… ဒါပေမဲ့ အဲဒါက အမှန်တရားပဲ… ပြီးတော့ ဆရာယီရဲ့ အန္တိမအစစ်အမှန်အသိက တော်တော်လေး အစွမ်းထက်တယ်….."

"ဒီဆရာယီက တကယ်ပဲ နားလည်ရခက်ခဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ….." ယန်အာက လေးစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်၏။

"အဆုံးမဲ့ကမ္ဘာကြီးမှာ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ငါတို့က ဆုံတွေ့ရလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး… ယန်အာ… ငါတို့က နောက်ပြန်သွားလို့ မရတော့ဘူး… သူ့မှာ ဘာလျှို့ဝှက်ချက်တွေရှိမလဲ သိရဖို့အတွက် ငါကသူ့နောက်ကို ဆက်လိုက်မယ်… အခွင့်အရေးရမယ်ဆိုရင် သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမယ်… သူက အနာဂတ်မှာ တို့မိသားစုကို အလွန့်အလွန် ကြီးမားစွာ အထောက်အကူ ပေးနိုင်လိမ့်မယ်….." လီအာက ဖြေရှင်းနည်းအချို့ကို တွေ့ရှိခဲ့သည့်ပုံ ရပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now