Chapter 325

1.4K 159 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-6

ယူဖန်းက သူ၏ရင်ဘတ် ပေါက်ကွဲထွက်လုမတတ် ဒေါသထွက်နေခဲ့သည်။

သူတို့က ခရီးတစ်ခုလုံး ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ နောက်သို့ လိုက်ပါပြီး မည်သည့်အကျိုးအမြတ်မှ မရရှိသည့်အပြင် တပည့်များစွာကို ဆုံးရှုံးခဲ့ရသည်။ ယခု သူတို့က ဤသို့သော ရလဒ်မျိုးကို ရရှိခဲ့ရ၏။

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက ကျားတစ်ကောင်ကို သူ၏သားရေ ရယူရန် ပြောဆိုခြင်းနှင့် တူနေပေသည်။

"အကြီးအကဲဝူ... ခင်ဗျားက မြစ်ကိုဖြတ်ကူးပြီးတာနဲ့ တံတားကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား....."

ယူဖန်းက နက်မှောင်နေသော မျက်နှာနှင့် သူ၏ရင်ဘတ်ကလည်း ဖားဖိုကြီးကဲ့သို့ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေခဲ့၏။ လှည့်စားခံလိုက်ရသော ခံစားချက်တစ်ခုက သူ့အား အကန့်အသတ်အထိ ဒေါသထွက်သွားစေခဲ့သည်မှာ ထင်ရှားလှပေသည်။

သို့သော် ဝူကျောက်က မထူးမခြားနားပင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ "မြစ်ကိုဖြတ်ကူးပြီးတာနဲ့ တံတားကို ချိုးဖျက်ဖို့ ကြိုးစားတယ်... ဟုတ်လား... ငါတို့က မြစ်ကို ဖြတ်ကူးပြီးပြီလား....."

"ခင်ဗျား....." ယူဖန်းက ထခုန်လုမတတ် ဖြစ်သွားခဲ့သည်။

ဝူကျောက်ပြောနေခဲ့သော မြစ်ကိုဖြတ်ကူးခြင်း ဆိုသည်မှာ သူတို့၏ မျက်စိရှေ့မှောက်ရှိ ဤနန်းတော်ကို ဆိုလိုခြင်းဖြစ်၏။ သို့ရာတွင် သူတို့၏ ယခင်က ပေးဆပ်ခဲ့မှုများမှာ သဲထဲရေသွန် ဖြစ်သွားခဲ့သည်လား။

ယူဖန်းက အမှန်တကယ်ပင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့နှင့် တိုက်ခိုက်ချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ကျိုးကြောင်းဆင်ခြင်မှုက ဒေါသစိတ်ကို အနိုင်ယူသွားခဲ့၏။

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ကို လက်စားချေရန်အတွက် ပြဿနာရှာခြင်းမှာ မိမိကိုယ်မိမိ သေကြောင်းကြံသည်နှင့် ကွာခြားခြင်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now