Chapter 328

1.4K 156 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-9

ပျက်စီးခြောက်ကပ်နေသော အဓိကခန်းမကြီးတစ်ခု၊ မှုန်ဝါးဝါးအလင်းရောင်၊ ကြင်လင်အေးချမ်းမှုမရှိခြင်း၊ အေးစက်သော လေထုဖိအား…..

"အာ...ဒီမနှစ်မြို့စရာနေရာက ငါ့ရဲ့ဆံပင်တွေ အဆုံးစွန်အထိ ထောင်သွားစေတယ်….." ထျန်းယွီက ပြောလိုက်သည်။

ရေခဲတမျှအေးစက်သော လေထုက တိုက်ခတ်နေခဲ့ရာ သူက ခိုက်ခိုက်တုန်သွားခဲ့၏။

"ဒီအဓိကခန်းမကြီးကို ဝင်္ကပါတွေ ဝန်းရံထားတယ်… အဲဒါတွေက ပျက်စီးသွားခဲ့တာ အချိန်အတော်ကြာပြီဆိုပေမဲ့ ဖုန်တက်နေတာ တစ်ခုမှမရှိဘူး… ငါထင်တာတော့ ဒီအဖွဲ့က ဝင်္ကပါတာအိုလမ်းကြောင်းမှာ အလွန်ခိုင်မာတဲ့ အခြေခံတွေ ရှိနေခဲ့တယ်လို့ ငါထင်တယ်….."

လျှို့ဝှက်နယ်မြေ၏ အတွင်းဖက်မှ အပြင်ဖက်အထိ ဝင်္ကပါများက ကာကွယ်ထားခဲ့ကြသည်။ အထူးသဖြင့် ကောင်းကင်ဘုံမိုးကြိုးစွမ်းအင်  သော့ခတ်ခြင်းဝင်္ကပါ ဖြစ်၏။ ထိုဝင်္ကပါက အဆင့်(5) မဟာဝင်္ကပါများအနက် အလွန့်အလွန် အစွမ်းထက်သော ဝင်္ကပါတစ်ခု ဖြစ်ပေသည်။

"တောင်ပိုင်းကုန်းမြေက ဝင်္ကပါတာအိုလမ်းကြောင်းမှာ အားနည်းပြီး အဆင့်နိမ့်တယ်… ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့လို အဖွဲ့ကြီးတစ်ဖွဲ့ကသာ အဆင့်(4) ဝင်္ကပါပညာရှင်တွေ မွေးထုတ်ပေးနိုင်တာပဲ… ဒါပေမဲ့ သူတို့ရဲ့ အဆင့်(4) ဝင်္ကပါပညာရှင်တွေက ဒီအဖွဲ့နဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို အားနည်းလွန်းပါတယ်….." မိန်ကျန်းက လေးစားမှုဖြင့် သက်ပြင်းချလိုက်၏။

ယီယွမ်က ခေါင်းညိတ်၍ ပြောခဲ့သည်။ "အားလုံးပဲ ပိုပြီးဂရုစိုက်ကြပါ… ဒီအဓိကခန်းမထဲမှာ အန္တရာယ်အချို့ ရှိကောင်း ရှိနေနိုင်ပါတယ်….."

အမှန်တကယ်တွင် ယီယွမ်၏ သတိပေးမှုပင် မလိုအပ်ခဲ့ပေ။ ဤလျှို့ဝှက်နယ်မြေအတွင်း၌ ထိုမျှအထိ ဖြတ်သန်းလာခဲ့ပြီးနောက်တွင် သူတို့က မည်သည့်အတွက် သူတို့၏ သတိတရားကို နှိမ့်ချ၍ နေရဲမည်နည်း။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now