Chapter 330

1.3K 153 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-11

သူ၏မျက်လုံးကို မှိတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများက ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်၌ အလွန်အသေးစိတ်ကျစွာ ပေါ်ပေါက်လာခဲ့သည်။

ဓား၁၈လက်ရုပ်သေးများ လှည့်လည်နေမှု၊ မိန်ကျန်း၊ မိုယုထန်၊ ထိဝူကျိုး၊ ထျန်းယွီ၊ ဖန်းဝမ်နန်…..

အရာအားလုံးက အလွန်ရှင်းလင်းနေခဲ့၏။

မူလက ရှင်းရှင်းလင်းလင်း မရှိသော အခြေအနေများကလည်း လက်ရှိအချိန်၌ အလွန်ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ လောကကြီးတစ်ခုလုံး နှေးကွေးသွားခဲ့သည်နှင့် တူညီပေ၏။

မသိလိုက်မသိဘာသာဖြင့် ယီယွမ်၏ ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်က နောက်တစ်ကြိမ် မြင့်မားသွားခဲ့သည်။

အသက်တစ်ခါရှူချိန်….. အသက်နှစ်ခါရှူချိန်….. အသက်သုံးခါရှူချိန်…..

အချိန်များက တဖြည်းဖြည်း ကြာမြင့်လာခဲ့၏။ ယီယွမ်က ကူညီပေးခြင်းမရှိတော့၍ မိန်ကျန်းက သူ၏အပေါ်သို့ ဖိအားပြင်းထန်စွာ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

သူ၏အာရုံကြောများက အဆုံးစွန်အထိ ဖောင်းကားနေပြီဖြစ်ပြီး သူက အနည်းငယ်မှပင် သတိပေါ့ဆရဲခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပေါ့ဆမှုတစ်ခုက တပည့်တစ်ယောက်၏ အသက်ကို ဆုံးရှုံးသွားနိုင်စေ၏။

အသက်ရှူချိန်တစ်ချိန်စီက ရာစုနှစ်တစ်ခု ကြာမြင့်သည်ဟူ၍ မိန်ကျန်းက ခံစားခဲ့ရသည်။ 

အသက်ရှူချိန် တစ်ချိန်စီတိုင်းတွင် မိန်ကျန်းက အားပြတ်လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။ လူတစ်ယောက်ကို ကယ်တင်ပြီးနောက် ချက်ချင်းပင် နောက်တစ်ယောက်၏ ဘေးသို့ ကပျာကယာ သွားရောက်နေခဲ့ရသည်။

ယီယွမ်အတွက်လည်း အသက်ရှူချိန်တိုင်းက အဆုံးမရှိသလို ခံစားနေရ၏။

ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက ပျံ့နှံ့သွားခဲ့ပြီး ဓား၁၈လက်ရုပ်သေးများ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now