Chapter 331

1.4K 158 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-12

ဤဓား၁၈လက်ရုပ်သေးများကို ဝင်္ကပါက အလိုအလျောက် ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပိုင်ရှင်မဲ့ပစ္စည်းများ ဖြစ်ကြသည်။

ဖန်းဝမ်နန်က ဝင်္ကပါကို စောစောလေးက မတော်တဆ အသက်သွင်းလိုက်မိခဲ့ခြင်း ဖြစ်၏။ ထိုအရာကြောင့်ပင် ဤဓား၁၈လက်ရုပ်သေးများက ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စုကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

ယီယွမ်က တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို နားလည်သဘောပေါက်သည်နှင့် သူက ဤဓား၁၈လက်ရုပ်သေးများကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

အကယ်၍ ယီယွမ်တွင် ဓား၁၈လက်ရုပ်သေးများသာ ရှိနေခဲ့ပါက ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူများ၏ ရှေ့တွင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိလာမည်ဖြစ်၏။

ယီယွမ်၏ လက်ရှိခွန်အားဖြင့် ဆိုပါက အစောပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်နှင့် အလယ်အလတ်အဆင့်
စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များကို ရင်ဆိုင်ရန်မှာ ပြဿနာမရှိသေးပေ။ သို့သော် နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များကို ရင်ဆိုင်ရာတွင်မူ စိန်ခေါ်မှု ကြီးမားသွားခဲ့ပြီ ဖြစ်သည်။

ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူများကိုမူ ယီယွမ်က ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။

အမှန်တကယ်တွင် ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူ အချို့နှင့် ရင်ဆိုင်ဖူးပေ၏။ သို့သော် ကျီးကျန်းနက်အဖိုးကြီး၊ ယောင်ချမ်၊ ဝမ်ဖန် မည်သူပင် ဖြစ်နေပါစေ သူက ပတ်ဝန်းကျင်အခြေအနေနှင့် သူ၏တွက်ချက်မှုများ အပေါ်မှီခိုပြီး အခွင့်အရေးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်ကို တိုက်ခိုက်ရလျှင် ယီယွမ်က အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now