I Can Hear Your Voice-27(Z,U)

8K 1.1K 8
                                    

(zawgyi)

ပုလဲတို့စာ​မေးပွဲအတွင်းမှာ...ဝိုင်နှင့်​သိပ်​မ​တွေ့ဖြစ်​ခဲ့​ပေ...။မိုးလင်းခမျာလည်း သူနှင့်​သ​ဘောတူထားသည့်ကောင်​မ​လေး နှင့်​အလုပ်​​တွေရှုပ်​​နေပြီးဝိုင့်ဆီ သိပ်​မလာခဲ့​ပေ...။ထိုနည်းတူ ​သော်​လည်း
ဝိုင့်ဆီတစ်​ခါတစ်​ရံသာလာခဲ့သည်​။ဝိုင်သက်​သာလာ​တော့​မေ​မေကပြန်​သွားခဲ့သည်​။လမင်းခမျာလည်း စာ​မေးပွဲတစ်ဖက်​နှင့်​မို့ ဝိုင့်နားအချိန်​ပြည့်​မ​နေ​ပေးနိုင်​ခဲ့​ပေ...။ဆေးရုံသို့သွားသည်​ကို​တောင်
သော်​နှင့်​မိုးလင်းက တစ်ယောက်တစ်လှည့်ဆီလိုက်​ပို့​ပေးခဲ့ရသည်​။နောက်​ဆုံးတွင်​​တော့ တည်ကြည်တို့စာ​မေးပွဲတွေပြီးဆုံးသွားခဲ့သလို ဝိုင့်​ခြေထာက်​နှင့်​ လက်​​တွေလည်း တဖြည်းဖြည်း သက်​သာလာခဲ့တော့သည်​။

" မင်းတကယ်​မလိုက်​​တော့ဘူးလား...တည်ကြည်..."

" အင်းလို့ မင်းငါ့ကိုဒါပဲမေးနေတော့တာပဲဝိုင်ရာ...ငါ အိမ်ပြန်ရမယ်..အိမ်​ကိုမပြန်​ရတာလည်းကြာ​နေပြီ​လေ...မင်းသိတဲ့အတိုင်း..မင်းကို
ဆေးရုံမှာ​စောင့်​​နေရ​တော့ ကျောင်းနှစ်လပိတ်​လည်းအိမ်​ကိုစိတ်​ထဲမှာမရှိခဲ့ဘူး....တစ်ခေါက်​​တောင်ပြန်​ဖြစ်​ခဲ့တာမဟုတ်ဘူး အခု​တော့ပြန်​ရမယ်​...မင်းလည်းသက်​သာလာပြီဆို​တော့ ငါပြန်​မှဖြစ်​မှာ..."

" ခဏပဲသွားလည်​မှာကို...."

" မင်းပဲလိုက်​သွားပါ...ပုလဲတို့နဲ့ကြတာ့ငါက
သိပ်​လည်းမခင်​ဘူး​လေ....လိုက်​ချင်​စိတ်​လည်းသိပ်​မရှိလို့ပါ...."

တည်ကြည် အဝတ်​​တွေ​ခေါက်​သိမ်းကာ အိတ်​ထဲထည့်​​နေတာကို ဝိုင် အလိုမကျစွာကြည့်​ရင်း နှုတ်​ခမ်း​တွေ ဆူပုတ်​ထားမိသည်​။နောက်​တစ်​ပတ်​ထဲ
တွင် ​ဝိုင်နှင့်​ ပုလဲတို့အုပ်​စု ကမ်း​ခြေသွားဖို့စီစဉ်
ထားကြခြင်းဖြစ်​သည်​။သို့​ကြောင့်​ တည်ကြည့်ကိုသွားလည်​ဖို့​အပါခေါ်​နေမိခြင်း...။တည်ကြည်မှာလည်း အ​ကြောင်းပြချက်​​ကောင်း​တွေနှင့်​ အသည်းအသန်ကိုငြင်း​နေ​တော့ ဝိုင်လည်း ခေါ်ရခက်​ဖြစ်​သွားခဲ့သည်​။

I Can Hear Your Voice (Completed)Where stories live. Discover now