(Unicode)
ခန့်တည် နာရီကို တကြည့်ကြည့်ဖြင့် အလုပ်လုပ်ရသည်မှာ သိပ်စိတ်မဖြောင့်ချင်။ သုံးနာရီကျော်နေလေပြီ။ သီဟက အခုထိ meeting minute တွေ ရေးနေသည်မှာ တမေ့တမော။
တည်သီးလေးကို ကျောင်းကြိုရဦးမည်။ ပြီးလျှင် ခရီးထွက်ဖို့လုပ်ရပါဦးမည်။ အိမ်မှာ အစ်ကိုတစ်ယောက်တည်းရှိနေသောကြောင့် အစ်ကိုသာအိတ်တွေထည့်နေရလို့ပင်ပန်းလျှင် မည်သို့လုပ်မည်နည်း။ သီဟကအလိုက်ကန်းဆိုးကို မသိပါ။
"ဟေ့ကောင် သီဟ၊ နောက်မှရေးတော့ကွာ၊ သိရှိကြောင်းလက်မှတ်ထိုးရင်ရနေပြီကို၊ ငါခရီးကပြန်လာရင် အကုန်လုပ်ပေးမယ်၊ ခုလောလောဆယ် တည်သီးလေးကျောင်းဆင်းတော့မယ်ကွ"
ခန့်တည်ပုံစံက ကလေးကျောင်းကြိုမမှီမှာစိုးသည့် အဖေနှင့်မတူပဲ အိမ်မှာစောင့်နေသည့်မိန်းမကို လွမ်းလို့ဖင်တကြွကြွဖြစ်နေသည့်ပုံ။ သီဟတို့ရယ်မိတာ ခွိကနဲ။
"အေးအေး သွားသွား၊ ခရီးကပြန်လာရင်တော့ မင်းသေပြီသာမှတ်နော်"
"ကျေးဇူးကွာ၊ သွားပြီ"
အိတ်ဆွဲပြီး ကားပေါ်တက်၊ ကားမြန်မြန်မောင်းထွက်သွားတဲ့ ခန့်တည်က တကယ်အဖေပေါက်စ။
~~~~~~~
"ဖေဖေ သိလား"
"ဟင် ဘာမှမပြောပဲနဲ့ ဖေဖေက ဘာသိမှာလဲ တည်သီးလေးရဲ့"
"သားကို တည်သီးလေးလို့ မခေါ်နဲ့တော့"
ငယ်ငယ်က တည်သီးလေးလို့ခေါ်လျှင် လုံးနေအောင်ပျော်နေတတ်သည့်ကလေးက လေးနှစ်လောက်ရောက်တော့ မကြိုက်တော့ပြန်ပါဘူးတဲ့။
"ကဲပြော ဘယ်လိုခေါ်ရမလဲ"
ခန့်တည်မှာ ကားမောင်းနေရင်းဖြင့် သားပြောသည်ကို အာရုံထားနေရပါ၏။ အစ်ကိုသာပါလျှင် အဖေရောသားရော ဗျင်းခံရတော့မည်ဖြစ်သည်။
"Kaki လို့ခေါ်၊ ချယ်နိုးနိုးကပြောတယ်၊ တည်သီးလေးဆိုတာ အင်္ဂလိပ်လိုဆို Kaki တဲ့"
"သားကလည်း၊ တည်သီးဆိုတာ peach ပေါ့"
သိပေမယ့်လည်း သားကို ပညာစမ်းပေးရသည်။ သားကအဖေကိုနိုင်ရရင် ပျော်နေရောပဲလေ။
YOU ARE READING
Rhyme Made Of Love (Completed)
FantasyMelodies of falling in love with the right person 🎶