KING(2)

43.5K 4.1K 34
                                    

KING– 2
သည်းသည်းမည်းမည်းရွာချနေသည့် မိုးသံကြားမှာ မိုးခြိမ်းသံကလည်း တဂျုန်းဂျုန်းမြည်ဟည်းနေသည်။ အိမ်အမိုး ကိုပွတ်တိုက်ဆွဲသွားသည့် သစ်ကိုင်းသံတို့နဲ့ ပြတင်းတံခါးကိုရိုက်ခတ်လာတတ်သည့် မိုးစက်မိုးပေါက်သံတို့ကလည်း ငြင်သာ ခြင်းမရှိ။၊ မိုးသံလေသံတွေကြားက တစ်ချက်တစ်ချက်ထွက်ပေါ်တတ်တဲ့ ငိုသံတိုးလျလျကလည်း ဟန်စစ် အိပ်မရအောင် နှောင့်ယှက်တတ်နေ၏။ စားပွဲပေါ်ကနာရီကို လှမ်းကြည့်လိုက်တော့ မနက် ၃နာရီ။

အိမ်မှာ လူစိမ်းတစ်ယောက် ရှိနေတယ် ဆိုသည့်အသိကြောင့်လည်း နဂိုအအိပ်ဆတ်တတ်တဲ့ ဟန်စစ်အတွက် အိပ်ရေးပျက်သည့်ညတစ်ညဖြစ်လာသည်။ ကြိတ်မှိတ်အိပ်ဖို့စဉ်းစားလိုက်ပေမယ့် ခြေလှမ်းတွေက ငိုသံထွက်နေသည့် အခန်းရှေ့ရာက်နေခဲ့ပြီဖြစ်သည်။ အခန်း ရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ကိုရိုးကို သွားနှိုးဖို့ အတွေးကိုအလျင်အမြန်ဖျောက်ပစ်ရသည်။ ကိုရိုးကို နှိုးမည့်အစား ကျားမြီးသာပြေးဆွဲဖို့ကောင်းမည်။ ရှိုက်သံရောယှက်တဲ့ငိုသံတွေကို ဥပေက္ခာပြုဖို့ခဲယဉ်းလာတာကြောင့်ပဲ ဟန်စစ်အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ ဒူး နှစ်ဖက်ပိုက်ပြီး မျက်နှာငုံ့ထားရာကနေ ဟန်စစ်ကိုမော့ကြည့်ချိန်မှာ မျက်နှာတစ်ပြင်လုံးနီရဲနေတာဖြစ်သည်။ ကြောက်လန့် ခြင်းနဲ့စိုးထိတ်မှုတွေက မျက်ဝန်းတွေထဲခိုအောင်းနေတာကို အတိုင်းသားမြင်နေရ၏။ ဟန်စစ်ကိုမြင်ကာမှ ဝမ်းနည်းရိပ် ပိုလာတဲ့မျက်ဝန်းတွေဆီက ယိုဆင်းလာသည့် မျက်ရည်တွေက လဲ့ခနဲ။ ခြေလှမ်းကျဲတွေနဲ့ အနားတိုးသွားတဲ့ဟန်စစ်ကို လှမ်းဖက်လာသည့် လက်တစ်စုံက တုန်တုန်ယင်ယင်။ ရုတ်တရတ်ဖြစ်တာကြောင့် ဟန်စစ်လန့်ဖျပ်ပြီး လက်နှစ်ဖက်ကို ကားထားမိသည်။ ခါးကိုပိုတိုးဖက်ရင်း ရင်ခွင်ထဲမှာ ရှိုက်ငိုနေသည့် ကလေးတစ်ယောက်ကို ချော့သိပ်ဖို့ ဟန်စစ်အတွက် စကားလုံးရှားပါးနေ၏။

ငိုတစ်လှည့်ရှိုက်တစ်ခါဖြင့် တုန်ယင်နေတဲ့ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးခြင်းနဲ့သာ နှစ်သိမ့်ခြင်းမည်စေသည်။ ငိုသံ တွေဆဲလာပြီး ခန္ဓာကိုယ်လှုပ်ခါခြင်း ငြိမ်သက်လာချိန်မှာ ဟန်စစ်ခါးကိုတင်းကြပ်စွာဖက်ထားတဲ့ လက်တစ်စုံကို ရုတ်သိမ်း သွား၏။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်နေတဲ့ ကောင်လေးလက်တစ်ဖက်ကတော့ ဟန်စစ်လက်တစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲ။

KINGWhere stories live. Discover now