KING(4)

35.9K 3.9K 42
                                    

KING– 4

“ဘာ! ပြန်ပြောစမ်း”

“အခင်းဖြစ်ပြီး ၃နာရီအကျော်လောက်က ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၇၆မှာ စိုင်းဂုဏ်ဓနရှင်ပိုင်တဲ့ ကား တစ်စီး accident ဖြစ်ပြီး driver နေရာကလူ ပွဲချင်းပြီးသေသွားပါတယ်။ မြို့ဝင်ဂိတ်ကလူတွေ ပြောတာတော့ အဲ့ကားပေါ်မှာ ကလေးတစ်ယောက်ပါသွားတယ်ဆိုပေမယ့် အလောင်းကိုခုထိရှာမတွေ့သေးပါဘူး မယ်မယ်ကြီး။ ကျွန်တော့အထင်ဆိုရင် တော့ စိုင်းစက်အာဏာရှင် ဖြစ်နိုင်ချေ...”

ခွပ်!

စကားပင်မဆုံးလိုက်။ မြန်ဆန်လွန်းတဲ့ လှုပ်ရှားမှုနောက်မှာ အမြင်အာရုံထဲဝင်ရောက်လာတဲ့ အနီရောင်စီးကြောင်း။ နဖူးပေါ်ကကျဆင်းလာတဲ့ စေးပျစ်ပျစ်အရည်တွေကို လက်ခုံနှင့် ဖွဖွဖိသုတ်ပစ်လိုက်ပြီး မလှုပ်မယှက်ပင် ရပ်နေရသည်။

“အသုံးကိုမကျဘူး။ လက်တောက်လောက် ကလေးတစ်ယောက်ကိုတောင် တွေ့အောင်မရှာနိုင်ဘူးဆိုတော့ နင့်ပုခုံး ပေါ်ကအပွင့်တွေကို အမှိုက်ပုံးထဲသာလွှင့်ပစ်လိုက်တော့”

အသံကုန်အော်ဟစ်ပြီးနောက် မောပန်းသွားပုံရတဲ့ ထိုအမျိုးသမီးက ဆိုဖာနောက်မှီပေါ် ခေါင်းတင်ကာ ငြိမ်သက် နေသည်။ မျက်လုံးတွေမှိတ်ထားပေမယ့် နီရဲရဲမျက်နှာကြောင့် ဒေါသဖြစ်နေသည်မှာအထင်အရှား။ ပြန်လည်စိုက်ကြည့်လာတဲ့ မျက်ဝန်းတွေက အေးစက်မှုတော့လျော့မသွားသေး။

“နယူးယောက်မှာ ရှိနေမယ့်ကလေးက မြန်မာပြည်ပြန်လာတာတောင် ဘာလို့သူ့အိမ်ကို တန်းမလာဘဲ နေပြည် တော် သွားတဲ့လမ်းမှာ ပျောက်သွားရတာလဲ”

“ခုချိန်က ဟိုမှာကျောင်းပိတ်ရက်ဆိုတော့ ခဏပြန်လာတာ ဖြစ်လိမ့်မယ် မယ်မယ်ကြီး။ မယ်မယ်ကြီးပြောသလိုပဲ ဒီကောင်လေး သူ့အိမ်ကို ရောက်မလာတဲ့အကြောင်းကတော့ စဉ်းစားစရာဖြစ်နေပြီ။ accident ဖြစ်တာကလည်း ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကိုချော်ကျတယ်။ ဆီတွေယိုစိမ့်ပြီးပေါက်ကွဲမှုဖြစ်လို့ driver ကသေသွားတာ။ လမ်းချော်တဲ့ အချိန်မှာ ကောင်လေး ထွက်ကျသွားတာလည်းဖြစ်နိုင်တယ်”

KINGWhere stories live. Discover now