KING(5)

32.2K 3.9K 73
                                    

KING– 5

“အဘ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ”

စာရွက်စာတမ်းအချို့နဲ့အလုပ်ရှုပ်နေသည့် ဒုတိယဗိုလ်မှူးကြီး ရဲသွင်အား ဦးစစ်နိုင်အလေးပြုနှုတ်ဆက်လိုက်သည်။ မျက်လုံးတစ်ချက်ပင့်ကြည့်ပြီး ထိုင်ခွင့်ပြုသည်ကို အမူအရာနှင့်သာပြလေသောကြောင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရ၏။ စာရွက်အထပ်လိုက်ကြီးကို ဘေးချလိုက် ပြန်ဆွဲယူလိုက်ဖြင့်အလုပ်ရှုပ်နေပုံရပေမယ့် တည့်တည့် မဟုတ်တဲ့အကြည့်တို့က တော့ ဦးစစ်နိုင်ဆီမှာသာရှိနေသည်။

ပုံမှန်ဆို အစည်းအဝေးချိန်နှင့် တန်းစီချိန်ကလွဲပြီး မျက်နှာမြင်ရဖို့ခက်ခဲလွန်းစွာ အလုပ် များတတ်တဲ့သူက ဦးစစ်နိုင်ကိုတွေ့ဖို့ခေါ်တယ်ဆိုတည်းက အကြောင်းရင်းကို လှည့်ပတ်တွေးမိသည်။ ရှေ့တန်းထွက်ရအောင် လည်း အလွန်တည်ငြိမ်သည့်ကာလမို့ မဖြစ်နိုင်။ ဖြစ်နိုင်သည်က...။

“ဗိုလ်မှူးစစ်နိုင်သားရော ပြိုင်ပွဲရှိတယ်ဆို”

လုပ်လက်စများကို ဘေးသို့တွန်းပို့လိုက်ကာ ဦးစစ်နိုင်ကို တည့်တည့်ကြည့်ရင်း မေးလာသည်က သားအကြောင်း။

“ဟုတ်တယ် အဘ။ လာအို Sea Game ပြိုင်ပွဲအတွက် ဗီယန်ကျင်းကို ရောက်နေပါတယ်”

“အင်း...အင်း...”

ခေါင်းတညိတ်ညိတ်လုပ်ရင်း မျက်မှန်ကိုချွတ်လိုက်ကာ မျက်ရိုးများကိုဖိနှိပ်နေသည့် အမူအရာများကို ဦးစစ်နိုင် မပြတ်တမ်းအကဲခတ်နေမိသည်။

“ဗိုလ်မှူးခေါ်ထားတဲ့ကလေးရော။ အခြေအနေဘယ်လိုလဲ”

ဂျူတီချိန်မှာ ဦးစစ်နိုင်ကိုခေါ်တွေ့ရသည့် အကြောင်းပြချက်အမှန်ကို ရောက်လာတော့မည်လား ဦးစစ်နိုင်ကိုယ်တိုင် လည်းမသိ။

“ဘယ်လိုအခြေအနေကို ပြောချင်တာလဲ အဘ”

“အော်… အစက ကျန်းမာရေးမကောင်းဘူးကြားလို့လေ။ အခုရော ဘယ်လိုနေလဲလို့ပါ”

“ခြေထောက်နှစ်ချောင်းမကယ်ကောင်းဘူးဆိုတဲ့စကားလိုပါပဲ အဘ။ အိမ်မှာ သားကလည်းမရှိ၊ အရိုးလည်း ဈေး သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီးထွက်ပြေးသွားတာ ပြန်ကိုမလာတော့ပါဘူး”

KINGWhere stories live. Discover now