(zawgyi)
" ဟော့တော်လင်းကဘယ်မှာကျန်ခဲ့တာလဲ..."
ကားပေါ်ကဆင်းလာသောဝိုင်နှင့်သော့်ကိုကြည့်ကာ ပုလဲက အံအားသင့်နေသည့် မျက်ဝန်းတွေနှင့်ရေရွတ်လာသည်။သော့်ကားနောက်မှာ မိုးလင်းရဲ့ ကားလေးတစ်ဆက်တည်း ရောက်လာလေတော့ မိုးလင်းရဲ့ကားကိုမျက်မှောင်ကြုံ့ပြီး ပုလဲကြည့်ပြန်သည်။
" သော်ကရေးကြီးသုတ်ပျာနဲ့ထွက်သွားတယ် ဟော အခုပြန်လာတော့ ဝိုင်နဲ့...ဘာတွေဘယ်လိုဖြစ်လာကြတာလဲ..."
" အေး...ဒီလိုပဲ..."
" ဟဲ့ဒီလိုပဲကဘာလဲ...သေချာပြောပြလေ...ဟဲ့မာလာငါး လုပ်စားဖို့သွားဝယ်ကြတာလေ
ဘာမှမပါလာကြဘူးလား...နင်တို့ဘာတွေဖြစ်လာကြတာလဲ..."ဘယ်ကဘယ်လိုစပြောရမလဲ သုံးယောက်လုံးမသိသဖြင့် ပါးစပ်ပိတ်ကာ အိမ်ထဲဝင်လာခဲ့ကြသည်။
" မင်းတို့...ဘာဖြစ်လာကြတာလဲ..."
ဘိုကောင်းလည်း ပုလဲအသံကြောင့်အနားကိုရောက်လာကာချက်ချင်းမေးသည်။ဧည့်ခန်းမှာအားလုံးဝိုင်းထိုင်လိုက်ကာ ဝိုင်ကပဲ စခဲ့သည့်ဇာတ်ကိုပြောပြရတော့သည်။
" ဟယ်...ဝိုင်ရယ်...ကြောက်ဖို့ကောင်းလိုက်တာ...ဒါကြောင့်လင်းကဘယ်မှမသွားချင်ဘူးဖြစ်နေတာလား..."
ဝိုင်စကားသံအဆုံးမှာ ပုလဲကအထိတ်တလန့်နှင့်ပြောလာသည်။ဝိုင်လည်း သက်ပြင်းချရုံကလွဲလို့ ဘာစကားမှမပြောနိုင်။
" ဘယ်လိုလုပ်ကြမလဲ...ဘယ်လိုလုပ်ကြမလဲဟင်...အခုတိုင်းဆိုဝိုင်အသက်အန္တရာယ်ရှိနေတာသေချာနေပြီပေါ့.."
" တရားခံအစစ်ကလည်း လွတ်ပေးမှာမဟုတ်တော့ဘူး...အခုဆိုဝိုင့်နောက်ကိုလည်း တကောက်ကောက်လိုက်နေပြီငါတို့လစ်တာနဲ့ဝိုင် တစ်ခုခုဖြစ်မှာကျိန်းသေနေပြီ..."
" ဒါဆိုဘယ်လိုလုပ်ကြမလဲ..."
ပုလဲနှင့်မိုးလင်းကသာတစ်ယောက်မေးတစ်ယောက်ဖြေနှင့်ပြောနေကြသည်။ဝိုင်အပါအဝင် သော်ရယ်၊ဘိုကောင်းရယ်၊စစ်သွေးရယ်ကနားထောင်သူသက်သက်...။သော့်ကိုလှမ်းကြည့်မိတော့အဖြေတစ်ခုကိုအသည်းအသန်စဉ်းစားနေသည်။
YOU ARE READING
I Can Hear Your Voice (Completed)
HorrorThe boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to his house? I Can Hear Your Voice Horror Romance# Bl Version# Zawgyi & Unicode Completed