Chapter 335

1.4K 165 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Chapter-2

ဤလူရိပ်၏ အမြန်နှုန်းက အလွန့်အလွန် လျင်မြန်လှပေ၏။ ထိုလူရိပ်က အမှန်တကယ်ပင် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက် ဖြစ်ပေသည်။

ဤနေရာတွင် ဝူကျောက်၊ မိန်ကျန်း၊ ကျောက်ယုရန်နှင့် အကြီးအကဲကျူးတို့အပြင် ပငလယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူနောက်တစ်ယောက် ကျန်ရှိနေပေသေး၏။

ယူဖန်း…..

လက်ရှိအချိန်တွင် မိန်ကျန်းက အကြီးအကဲကျူးကို တားဆီးနေခဲ့ရချိန်ဖြစ်သည်။ ယူဖန်းက ယီယွမ်ကို လုပ်ကြံခြင်းအား တားဆီးရန်အတွက် မည်သူမှ မတတ်နိုင်ခဲ့တော့ပေ။

ယူဖန်းက လက်ရှိအချိန်ရှိ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူများတွင် အားအနည်းဆုံးလူ ဖြစ်သော်လည်း ဤနေရာရှိ အရေးပါသော လူများအနက် တစ်ယောက်အပါအဝင် ဖြစ်နေပေသေး၏။

ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်၏ အမြန်နှုန်းကို မည်သည့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်မဆို သူတို့အကောင်းဆုံး ကြိုးစားသည့်တိုင် အမီလိုက်နိုင်မည် မဟုတ်တော့ပေ။

လှောင်ပြုံးတစ်ခုက ယူဖန်း၏ နှုတ်ခမ်းထောင့်တွင် ပေါ်ပေါက်လာခဲ့သည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်ပေ၏။ "ယီယွမ်… မင်းက ငါ့လက်ထဲမှာ သေဆုံးရမယ်လို့ မျှော်လင့်မထားခဲ့ဘူး မဟုတ်လား… ကြည်လင်ပြတ်သားခြင်း အင်ပါရီယာ
လေးစားမှုနိယာမ…. ကောင်းကင်ဘုံကိုးခုမိုးကြိုး… သွားသေလိုက်တော့….."

ယူဖန်းက သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်များ ထုတ်ဖော်လိုက်သည်။ အလင်းတန်းများစွာက ယီယွမ်ဆီသို့ အလွန့်အလွန် မြန်ဆန်စွာဖြင့် ပြေးဝင်သွားခဲ့၏။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဤမျှလူအများကြီးတွင် ယီယွမ်အပေါ် ယူဖန်း၏မုန်းတီးမှုက အပြင်းထန်ဆုံး ဖြစ်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now