Chapter 339

1.3K 147 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-6

ကန့်သတ်ချက်၁၆ခု ဝိညာဉ်မှော်ရတနာက ဝူကျောက်၏ ကိုယ်ပိုင်ပစ္စည်း မဖြစ်နိုင်ပေ။

ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့က ဤလျှို့ဝှက်နယ်မြေကို တူးဖော်ရန်အတွက် အသေးစိတ်ပြင်ဆင်လာခဲ့ပြီး အမှန်တကယ်ပင် သင့်တော်သော ပစ္စည်းများကို ယူဆောင်လာခဲ့ကြ၏။ သူတို့က အမှန်တကယ်ပင် ဤအခြေအနေမျိုးကို ကြိုတင်ခန့်မှန်းခဲ့မိပြီး ဖြစ်ပေသည်။

ကြည့်ရသည်မှာ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့က တောင်ပိုင်းကုန်းမြေ၏ နံပါတ်တစ်အဖွဲ့ဟူသော ဂုဏ်ပုဒ်နှင့် ကောင်းစွာထိုက်တန်ပေ၏။ သူတို့တွင် စွမ်းရည်ရှိသော လူများစွာ ရှိနေကြပေသည်။

ဝူကျောက်က သူ၏စကားဆုံးသည်နှင့် ယီယွမ်ကို အလိုအလျောက် ကြည့်လိုက်မိပေ၏။ သူက ယီယွမ်၏ သဘောထားကို စောင့်မျှော်နေသည်မှာ သိသာလှပေသည်။

ယီယွမ်က ပြုံးလိုက်ပြီး သူ၏သိုလှောင်လက်စွပ် သုံးကွင်းကို ထုတ်ယူပြီး ထိုလက်စွပ်များကို ဝူကျောက်ဆီသို့ ပေးလိုက်၏။ "အကြီးအကဲဝူက အရာရာတိုင်းကို သေသေချာချာ ပြင်ဆင်ထားခဲ့တာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေရမှာလဲ… ဒီနည်းလမ်းက မျှတကောင်းမွန်တယ်လို့ ကျွန်တော်လည်း ခံစားနေရပါတယ်….."

ဝူကျော်က ယီယွမ်၏ သိုလှောင်လက်စွပ်များကို လှမ်းယူလိုက်ပြီး ထိုလက်စွပ်များကို ကန့်သတ်ချက် သံလိုက်အိမ်မြှောင်၏ အပေါက်မှတစ်ဆင့် အထဲသို့ တစ်ကွင်းပြီးတစ်ကွင်း ထည့်သွင်းလိုက်ပေသည်။

မကြာမီပင် ထိုသိုလှောင်လက်စွပ် သုံးကွင်းကို ကန့်သတ်ချက်များ ထားရှိခဲ့ပြီးဖြစ်၍ ဝူကျောက်၏လက်ထဲတွင် နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခဲ့၏။

ဝူကျောက်က သိုလှောင်လက်စွပ်များကို ယီယွမ်ဆီသို့ ပြန်ပစ်ပေးလိုက်ပြီး ပြောဆိုခဲ့သည်။ "ကန့်သတ်ချက် ထားရှိတာကလွဲလို့ ငါက မင်းရဲ့ သိုလှောင်လက်စွပ်တွေကို မထိဘူးနော်… မင်းဘာသာ ပြန်စစ်ဆေးကြည့်လိုက်ဦး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now