Chapter 341

1.3K 159 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-8

ယီယွမ်၏နတ်ဘုရား စိတ်အာရုံက အမျှင်တန်းတစ်ခုသာ ကျန်ရစ်နေခဲ့သော်လည်း လျင်မြန်စွာပင် ပြန်လည် အားပြည့်လာခဲ့သည်။

သူကတိတ်တဆိတ်ပင် ထိတ်လန့်သွားခဲ့ပြီး သူ၏ အသိစိတ်ပင်လယ်ကို လျင်မြန်စွာ လေ့လာလိုက်သောအခါ ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားခဲ့၏။

ထိုအနက်ရောင်ပုတီးစေ့က လက်ရှိအချိန်တွင် သူ၏အသိစိတ်ပင်လယ် အတွင်း၌ တိတ်တဆိတ်ပင် ပေါလောပေါ်နေခဲ့သည်။

ထိုရွှေရောင်စာလုံးများက အနက်ရောင်ပုတီးစေ့ကို ဝန်းရံနေခဲ့ကြရာ အလွန်တည်ငြိမ်အေးဆေး နေသည့်ဟန် ပေါ်ပေါက်နေခဲ့၏။

ဒီဟာက ဘယ်လို
အခြေအနေမျိုးလဲ…..

ယီယွမ်က အချိန်အတော်ကြာအောင် တွေဝေနေခဲ့သည်။ သူကဤသို့ ထူးဆန်းသော အခြေအနေကို မည်သည့်အချိန်တွင်မှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။

ဒီအနက်ရောင်ပုတီးစေ့က ဘယ်လိုငရဲမျိုးလဲဟ… ရွှေရောင်စာလုံးတွေရဲ့ အငမ်းမရမျက်လုံးတွေကို တကယ်ပဲ နှိုးဆော်ပေးနိုင်ခဲ့တယ်…..

စောစောလေးက သူ၏လက်ထဲမှ အနက်ရောင်ပုတီးစေ့ကို ရွှေရောင်စာလုံးများက အင်အားသုံး ဆွဲယူလိုက်ခြင်းဖြစ်ကြောင်း အလွန်သိသာနေခဲ့၏။

ယခုအချိန်တွင် ထိုအနက်ရောင်ပုတီးစေ့က ထူးဆန်းသည်ထက် ပို၍ အဆင့်မြင့်နေသော မိုးကောင်းကင်ကို ဆန့်ကျင်နေသည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။

သို့သော် ယီယွမ်က သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သောအခါ ပြောင်းလဲမှုတစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရပေ။ သူကကူရာကယ်ရာမဲ့စွာဖြင့် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သော်လည်း အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့ပေ၏။

အကယ်၍ ဤပုတီးစေ့က အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေသော ရတနာတစ်ခုဖြစ်နေခဲ့မည် ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲမှုအချို့ ယူဆောင်လာခဲ့မည်ဆိုပါက အကောင်းဆုံးဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now