Chapter 343

1.3K 157 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-10

ဂျူနီယာညီလေးဝမ်က ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက မည်သည့်အရာဖြစ်သည်ကို သိရှိခြင်းမရှိပေ။ သို့သော် သူက အံ့ဩနေခဲ့သည့်တိုင် လက်ရှိအချိန်တွင် လင်းချောင်က  အဆုံးမဲ့ကမ္ဘာကြီး၏ ဇာတိသားမဟုတ်ကြောင်း သိရှိပေသည်။

လင်းချောင်၏စကားများကို ကြားလိုက်ရပြီးနောက် ဂျူနီယာညီလေးဝမ်၏ မျက်နှာက အလိုအလျောက်ပင် နက်မှောင်သွားခဲ့၏။ ဤအချိန်တွင် သူက မည်သို့လုပ်ဆောင်သင့်သည်ကို မသိခဲ့ပေ။

သို့သော် ထိုအချိန်တွင် လင်းချောင်၏ အကြည့်က ယီယွမ်ဆီသို့ ရောက်လာခဲ့ပေသည်။

"ဂျူနီယာညီလေးယီ… ငါတို့ပြန်တွေ့ကြပြန်ပြီ… ဒီတစ်လမ်းလုံးမှာ ဂျူနီယာညီလေးယီရဲ့ ဂရုစိုက်မှုကြောင့် ငါတကယ်ကို အကြွေးတင်မိသွားပါပြီ….." လင်းချောင်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

ယခုအချိန်တွင် ဖြစ်ပျက်နေသော အရာအားလုံးက ယီယွမ်မျှော်လင့်ထားသည်နှင့် အလွန်ဝေးကွာနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ယီယွမ်က အရာအားလုံးကို တွက်ချက်နိုင်ခဲ့လျှင်ပင် ဤသို့ အကြီးအကျယ် ပြောင်းလဲမှုတစ်ခုကို ခန့်မှန်းမိနိုင်ရန် မဖြစ်နိုင်ပေ။

ဤခရီးတွင် အစမှအဆုံးအထိ အကြီးမားဆုံး ပြိုင်ဖက်မှာ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ ဖြစ်ပေ၏။ ယီယွမ်က ဝူကျောက်အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။

အဆင့်(8) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ဤသို့ကြီးမားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ဤလျှို့ဝှက်နယ်မြေကို လာရောက်သည့် ခရီးမှာ ကမ္ဘာနှစ်ခုကို ပြန်လည်ဆက်သွယ်ပေးရန် ရည်ရွယ်ချက် ပါရှိနေမည်ဟု ယီယွမ်က မတွေးနိုင်ခဲ့ပေ။

ဤအချိန်တွင်မူ ယီယွမ်က ကျောက်စိမ်းပြား အပိုင်းအစပေါ်မှ စကားလုံးများ၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now