Extra 2(Z+U)

70.9K 4.6K 120
                                    

" ငါမနေ့က နေသစ်ကို ရတနာဆိုင်တစ်ခုမှာ တွေ့ခဲ့တယ် "

ဟိန်းသူရ၏ ပြောစကားအရ နေသစ်သူ ခေတ်နွေအား လက်ထပ်ခွင့်တောင်းရန် သွားတာမည်ဟု ခေတ်နွေ တွေးတာ ပါးမို့မို့လေးများ ဖောင်းတက်သွားသည်အထိ ကြည်နူးစွာပြုံးလိုက်မိသည်။ ဒါကြောင့်မနေ့ကအလုပ်ချိန်ကြီး သူ့ကို ဘာမှမပြောပဲ အလောတကြီးထွက်သွားတာဖြစ်မည်။

" ခင်များကလဲ ဘာလို့ ပြောလိုက်တာလဲ ဘဲကြီးက သူ့ကို suprise လုပ်ဖို့လားမှမသိတာ "

" မင်းလျှာမရှည်စမ်းပါနဲ့ ငါက တွေ့ခဲ့တယ်ဆိုတာကိုပြောပြတာ ပြီးတော့ ငါ့ကို ရိုရိုသေသေခေါ်စမ်း ငါမွေးရင် ငါ့သားလောက်ကများ "

ဟိန်းသူရ၏ စကားကို ခေတ်နွေ ခွီခနဲ ရယ်လိုက်မိသလို အလင်းသည်လည်း မဲ့လိုက်၍ ဆိုသည်။

" ဟက်...ဟုတ်တာပေါ့ ခင်များက အိုစာနေပြီလေ အဲ့ဒါ မသေခင်လေး ကျွန်တော်နဲ့တွဲလို့ ပြောတာ "

"မင်း ............ခွေးကောင် "

သူရသည် ပြန်ချေပရန် စကားမရှိသဖြင့် ဒေါသထွက်ကာ ဆဲရန်ပြင်ပြီးမှ အရှိန်သတ်လိုက်သည်။ကြားမှ ထိုင်နေသော ခေတ်နွေသည် သူတို့နှစ်ယောက်ကို ကြည့်လိုက် ရယ်လိုက် ပန်းကန်ထဲမှ ဖရဲသီးအား ယူစားလိုက်ဖြင့် စကားပင်မပြောနိုင်။

Ring.....Ring......Ring......

ဘောင်းဘီ အိတ်ထဲမှ ဖုန်းတုန်ခါမှုကြောင့် ခေတ်နွေ ဖရဲသီးပန်းကန်ထဲလက်လှမ်းနေရာမှ ဖုန်းအား ထုတ်ယူလိုက်သည်။ ဖုန်း screen ပေါ်၌ ' ဦး ' ဆိုသော နာမည်လေးနဲ့တင် ခေတ်နွေ ပြုံးသွားစေခဲ့သည်။

" hello ဦးမာန်"

သကြားကို ပျားရည်လောင်းထားသကဲ့သို့ ချိုသာသည့် ခေတ်နွေအသံကြောင့် ဘေးမှ သူရနှင့် အလင်းတို့၏ မျက်နှာသည့် ချက်ချင်းပင် မဲ့သွားလေသည်။

"ငယ် အခုဘယ်မှာလဲ အမေ့အိမ်မှာလဲမရှိဘူး အိမ်မှာလဲမရှိဘူး "

" ကျွန်တော် ကိုသူရ အိမ်မှာ ၊ ဖရဲသီးတွေ ၅လုံးတောင် လက်ဆောင်ရတယ်ဆိုပြီးတော့ ကျွန်တော့်ကို ခေါ်ကျွေးလို့လေ အလင်းလည်းပါတယ် "

Sugar Daddy (Completed)Where stories live. Discover now