💚Seon Saeng Nim💚

925 31 9
                                        

Final Episode 💚
Markbam🐰🐍

"မိန်းမ ဒီဘက်နား နည်းနည်း "

"အင်း

ဘယ်လိုလဲ ခုကော နေသာရဲ့လား? "

"အင်း နည်းနည်းသက်သာလာပါပြီ"

ဧည့်ခန်းထဲမှာ ကြီးပေါင်းတက်နေတဲ့ beomကိုဇနီးသည်က နှိပ်နယ်ပေးလို့နေသည်။

"သံပုရာရည်လေး သောက်မလား? ခေါင်းကြည်သွားအောင် "

ဂျင်ယောင်းက နားထင်ကြောတွေကို လက်ထိပ်လေးတွေနဲ့ နှိပ်နယ်ပြုစုပေးသည်။ထိုလက်ကိုဘုမ်းက ဆွဲယူလိုက်ပြီး ကျောပေးထားရာကနေ မိန်းမဖြစ်သူနဲ့မျက်နှာချင်းဆိုင် ပြင်ထိုင်လိုက်သည်။ပြီးမှ မိန်းမလက်ဖျားလေးကို ခပ်ဖွဖွနမ်းသည်။

"ပင်ပန်းနေပြီလား ? "

" မဟုတ်တာ "

အဟမ်း အဟမ်းး

ထိုအချိန် တံခါးမကြီးဆီက ချောင်းဟန့်သံကိုကြားလိုက်ရပြီး နှစ်ယောက်တူတူပြိုင်ကြည့်မိကြသည်။

"အော် Mr.Tuanပဲ "

jin youngကနှုတ်ဆက်ခြင်းဖြစ်ပြီး beomကတော့ခေါင်းညိတ်အသိမှတ်ပြုပြသည်။သူ့အနေနဲ့ ဒီထပ်ပိုပြီး မျက်နှာချင်းလည်း မဆိုင်ဝံ့။ဂျယ်ယောင်းတွက် မျက်နှာပူသလို သားငယ်လေးကိစ္စမှာလည်း သူက အပြစ်မကင်းခဲ့ပဲ။

"ဘယ်သူပါလာလဲ ကြည့်ပါအုံးလား..? "

မာ့ခ်သွမ့်စကားကြောင့် နှစ်ဦးသားဟာ အာရုံစိုက်လာကြသည်။သူ့နောက်ကျောဘက်ကနေ မ၀ံ့မရဲ ဖြည်းဖြည်းချင်းရုပ်လုံးပေါ်ထွက်လာသူဟာ နှစ်ကာလကြာမြင့်စွာ သူတို့လွမ်းဆွတ်တမ်းတခဲ့ကြသော သားငယ်လေး ။

အံ့သြခြင်းများစွာနဲ့ ပြိုင်တူ ထရပ်လိုက်မိသည်ထင်သည်။

Beom: "သားငယ် ? "

Jin Young: "Bammie ?"

မိဘများဟာ ချက်ချင်းမျက်ရည်တွေ အိုင်လာကြသည်။jin young က တော်တော်ငိုယိုနေပြီး သားကို ပြေးဖက်သည်။သားငယ်ကလည်း ပြန်လည်ဖက်တွယ်ရင်း ပြိုင်ငိုကြပြီ။beomကနေရာမှာ မလှုပ်မယှက်နဲ့ ။ တကယ်တော့ သူ ကြိတ်ပြီး မျက်ရည်ကျနေတာ။သားပြန်ရောက်လာလို့ ပျော်ရသည်။သို့ပေမယ့် ကလေးငယ်နားသွားဖို့ သတ္တိ သူ့မှာ မရှိ။ခြေထောက်တွေက ခဲဆွဲထားသလို လေးပင်နေသည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now