I Can Hear Your Voice-35(Z,U)

7.7K 1K 20
                                    

(zawgyi)

အင်္ကျီလဲပြီးပြန်အထွက်တွင် ခေါင်းကိုဖိကာ လဲကျတော့မည့်သော်ကြောင့်ဝိုင်
ထိတ်လန့်သွားရကာ သော့်ကိုအပြေး
ထိန်းပေးလိုက်မိသည်။

" ဘာဖြစ်တာလဲ...သော်....ဘယ်နားက
နေမကောင်းတာလဲ..."

" မင်းကို...ကိုယ်..သီချင်းဆိုပြဖူးလား.."

" ဟင်..."

ဝိုင့် မှာဘာပြောလို့ပြောရမှန်းမသိအောင်ဆွံ့အသွားခဲ့ရသည်။တီဗီမှလာနေဆဲ
ဖြစ်သော engသီချင်းပင်..။

ဝိုင် နှင့်ပတ်သက်နေသည့် အတိတ်ကြောင့်သူဒီလို နာကျင်ရသည့် ဝေဒနာကိုခံစားနေရတာလား...။မမှတ်မိလည်းနေပါစေတော့...။သူဒီလိုဖြစ်နေတာတွေကိုဝိုင် မလိုချင်ဘူး...။ဝိုင့်ကြောင့် စိတ်အနှောင့်ယှက်ဖြစ်နေတာတွေ နေမကောင်းဖြစ်နေတာတွေ။

" sorryကိုယ်..ဘာတွေမေးနေမိလဲမသိ
ဘူး.."

ခပ်တိုးတိုးရေရွတ်လိုက်သံလား သူ့ကိုယ်
သူပြောလိုက်တာလားမရေရာခြင်းတွေနှင့်ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။

" ဆေးခန်းသွားပြတာကောင်းမယ်ထင်တယ်..."

" ရတယ်...ရတယ်..."

ထိုင်ခုံပေါ်ထိုင်ချကာ မျက်လုံးတွေကို
မှိတ်ပြီးငြိမ်ငြိမ်လေးထိုင်နေလေသည်။
လာနေဆဲဖြစ်သော သီချင်းကိုသူ့ကိုဆက်ပြီးမကြားစေချင်တော့ဝိုင် ကိုယ်တိုင်
လဲနားမထောင်ချင်တော့သဖြင့် တီဗီကို
ပိတ်ပစ်လိုက်သည်။နောက်အခန်းထဲဝင်
ကာရှူဆေးဗူးကိုသွားယူကာသူ့လက်ထဲ
ထည့်ပေးလိုက်မိသည်။

" ရတယ်...ရတယ်...ကိုယ်ကောင်းသွားပါပြီ..."

" အိမ်ပဲပြန်နားလိုက်ပါလား...သော်..."

" အင်း...ရတယ်ကောင်းသွားပြီ...သွားရအောင်..."

" ဖြစ်ပါ့မလားမင်း ကားမောင်းရမှာလေ
ဒီလိုအခြေအနေနဲ့..မင်းကားမောင်းနိုင်ပါ့မလား.."

" ကိုယ့်ကိုမယုံတာလား...ဝိုင်...ကိုယ် နေကောင်းပါတယ်ကွာ.."

" ဟင်...ဘာကိုမယုံရမှာလဲ မင်းခေါင်းတွေကိုက်နေတယ်မလား အဲ့ဒါ မင်းကိုစိုးရိမ်
လို့ပြောနေတာလေ.."

I Can Hear Your Voice (Completed)Where stories live. Discover now