အပိုင်း ၄

25.6K 2.5K 209
                                    

အိမ်ပေါ်ပြေးတက်ပြီး တံခါးပိတ်ကာနီးမှ ခြံရှေ့မှာရပ်နေသော နှင်းဟေမန်ကို ရှိုင်းထွဋ် တွေ့လိုက်ရသည်။ ကိုင်းတစ်ဖက်ကျိုးနေသော မညီမညာ ထီးမည်းလေးတစ်ချောင်းကို ကိုင်ကာ ကျန်လက်ထဲမှာ စာအုပ် သုံးလေးအုပ်ကို ပိုက်ထားသည်။

"လာလေ မိငယ်။"

ရှိုင်းထွဋ် အပြုံးနှင့်ခေါ်ပြီး တံခါးပြန်ဖွင့်ပေးလိုက်သည်။ နှင်းဟေမန်သည် ဒီမိုးယံ၏ ညီမငယ် ရှစ်တန်းကျောင်းသူတစ်ယောက်ဖြစ်သည်။ ဒီမိုးယံကို သူ ကြည့်မရသလောက် နှင်းဟေမန်ကိုတော့ သူ ညီမရင်းတစ်ယောက်လို ချစ်ရသည်။

အေးဆေးကာ စကားနည်းလွန်းသည့် နှင်းဟေမန်သည် သူ့အစ်ကိုဒီမိုးယံနှင့် မောင်နှမဆိုတာကို ကျမ်းကျိန်ပြောမှ လူတွေယုံနိုင်သည်။ တကယ်လည်း သူတို့နှစ်ယောက်က အကျင့်စရိုက်ရော၊ မျက်နှာပုံစံပါ တခြားစီဖြစ်သည်။

ဒီမိုးယံက အမေဖြစ်သူ ဒေါ်မြလေးနှင့် ခပ်ဆင်ဆင်တူကာ လူချောလေးဖြစ်နေသလောက် နှင်းဟေမန်က အဖေနှင့်တူကာ အသားညိုသည်။ မျက်လုံးဝိုင်းဝိုင်း၊ နှာတံစင်းစင်းလေးနှင့် ကြည့်ပျော်ရှုပျော်ပေမယ့် ပိန်လွန်းသောကြောင့် လေတိုက်လျှင်ပင် လဲကျတော့မည်လား ထင်ရသည်။ နောက်ပြီး စကတ်ဆိုလျှင် ခြေမျက်စိထိရှိမှ၊ အကျီင်္ဆိုလျှင် လက်ရှည်ခါးဖုံးမှ ဝတ်တတ်သည်မို့ ပိုဆိုးသည်။

အခုလည်းကြည့်လေ။ မှောင်ရိပ်သန်းသော မိုးရေထဲမှာ စကတ်အမည်းနှင့် မီးခိုးရောင် လက်ရှည်အကျီင်္ကိုဝတ်ထားသည်မှာ အသုဘပို့ရန် ပြင်ဆင်ထားသည်လားဟု ထင်ရသည်။ အသားညိုကာ ပိန်ပြီးအရပ်ရှည်ပါသည်ဆိုမှ အမည်းရောင်အသားကပ်စကတ်ရှည်ကို ချော့ကလက်ရေခဲချောင်းလား အထင်မှားအောင်ရွေးဝတ်ထားသေးသည်။

အကျင့်စရိုက်ချင်းယှဉ်ဦးမည်ဆိုပါကလည်း ဒီမိုးယံက မုန်တိုင်းဆိုလျှင် နှင်းဟေမန်က လေပြေ၊ ဒီမိုးယံက မီးခဲဆိုလျှင် နှင်းဟေမန်က ရေခဲဟု တင်စားပြောနိုင်သည်။ အစ်ကိုဖြစ်သူက နေရာတကာတွင် လက်ပါသလောက် ညီမဖြစ်သူမှာ စကားပြောလျှင်ပင် လေလုံးမကွဲ။

ဆူးWhere stories live. Discover now