အပိုင်း ၆

23.5K 2.4K 103
                                    

အဖြူရောင်ရှပ်အကျီင်္လက်ရှည်ကို အစွန်းအထင်းမရှိတာ သေချာအောင် ဘယ်ပြန်၊ ညာပြန် သေသေချာချာကြည့်ပြီးမှ ဦးမင်းမင်း ချိတ်မှဖြုတ်လိုက်သည်။ ဒါတင်ပဲလားဆိုတော့မဟုတ်။ အကျီင်္ရင်ဘတ်နှင့် ချိုင်းနေရာများကို နှာခေါင်းကပ်ကာ အနံ့ခံသည်။ ဘေးနားမှ သကြားထုပ်ကြီးကို ဖွင့်ကာ အထုပ်ငယ်များခွဲကာ ထုပ်နေသော ဒေါ်မိမိတင်မှာ စိတ်မရှည်တော့။

"တစ်ခါပဲဝတ်ရသေးတာပါ ကိုမင်းရယ်။ ရှင်ဘယ့်နှယ့်ဖြစ်နေတာလဲ။"

"ဟ။ တစ်ခါဝတ်ပြီးရင် ငါ ဘယ်တော့မှ ပြန်မဝတ်တတ်တာကို မင်းသိရဲ့သားနဲ့။"

တကယ်ဆို ဦးမင်းမင်း ပြောချင်သည်က ဒေါ်မိမိတင်အပြစ်ဆိုတာကို ဖြစ်သည်။ ဒီနေ့ညနေ သူ့ သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရမည်။ သူငယ်ချင်းဆိုတာထက် ဝန်ထမ်းဘဝတုန်းက လုပ်ဖော်ကိုင်ဖက်တွေဆိုလျှင် ပိုမှန်မည်။ မတွေ့ရသည်မှာကြာခဲ့ပြီဖြစ်သောမိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံရချိန်မှာ သူ့ကိုရုပ်ပျိုကိုယ်နုစေသော ရှပ်အဖြူကိုသာ သူ ဝတ်ချင်သည်။ တစ်ထည်တည်းရှိသော ဒီ ရှပ်အဖြူကို သေချာလျှော်ပေးထားဖို့ ဒေါ်မိမိတင်ကို သူ ပြောထားခဲ့သည်။ ဒါပေမယ့် တစ်ခါဝတ်ပြီးသော်လည်း စွန်းရာ၊ ပေရာ မရှိလျှင် ညစ်ပတ်သည်ဟု မယူဆသော ဒေါ်မိမိတင်က သူ့စကားကို နားထောင်စရာဟုပင် သဘောမထား။

"ကွာ...။ ရေမွှေးကလည်း ကုန်နေပြီ။"

"ရှင်နော်။ အဖိုးကြီး။ ပွစိပွစိလုပ်မနေနဲ့။ ဟွန်း။ လူကဖြင့် သချိင်္ုင်းကုန်းကို ခြေတစ်ဖက် လှမ်းနေပြီ။"

"ဒါ့ကြောင့် အခု အသက်ရှိနေတုန်း လှလှပပနေချင်တာပေါ့ မိမိရာ။ ငါသာ ဟိုဘက်ခြံက ဦးကျော်ဇောလို အိုနာခါးကုန်းဖြစ်နေရင် မင်း ငါ့ကို ဆက်ပေါင်းမလား။ ပြော။"

ဦးမင်းမင်းတစ်ယောက် မိန်းမဖြစ်သူကို အနိုင်ပိုင်းပြောရင်း မိန့်မိန့်ကြီးပြုံးကာ ကျေနပ်နေသည်။ ဦးကျော်ဇောနှင့် မိမိကိုယ်ကို ရုပ်ရည်ချင်းယှဉ်ရတာလောက် အရသာရှိတာမရှိ။ ဒါပေမယ့် ဒေါ်မိမိတင်ရဲ့ မျက်စောင်းက သူ့ထံ ဒိုင်းခနဲ ရောက်လာသည်။

ဆူးWhere stories live. Discover now