အပိုင်း ၁၈

16.3K 1.8K 50
                                    

ဒီမိုးယံ အိမ်ပေါ်လှမ်းမတက်ခင်မှာပင် လှေကားထစ်များမှ ဆင်းလာသော ဖခင်ဖြစ်သူကို တွေ့လိုက်ရသည်။ ခါးကိုင်းကိုင်းနှင့် ဆံပင်တွေ ဖြူစွတ်နေသည်မှာ မှတ်မိစရာပင်မရှိ။ နှုတ်ခမ်းမွှေးတွေမှာလည်း အဖြူများကာ မုတ်ဆိတ်မွှေး ကျိုးတဲကျဲတဲနှင့် အဘိုးအိုရုပ်ဖြစ်နေသော ဖခင်မှာ ကြည့်ရက်စရာမရှိ။

"သား ပြန်လာပြီလား။"

"ဟုတ်ကဲ့။ အလုပ်သွားတော့မလို့လား ဖေဖေ။ မစောဘူးလား။"

"ဝင်စရာနေရာရှိလို့ သား။ ဖေဖေသွားဦးမယ်။"

ဦးကျော်ဇော မျက်လုံးတွေက ဂနာမငြိမ်။ ဒီမိုးယံ၏ ပခုံးကို တစ်ချက်ပုတ်ကာ ခေါင်းငိုက်စိုက်နှင့် ထွက်ခွာသွားသည်။ သိုင်းလွယ်ထားသော အမည်း်ရောင်သားရေအိတ်အပြဲထဲမှ ပုလင်းပြားလေးက ခေါင်းပြူနေသည်။ အရက်ဖြူကို ဒီပုလင်းပြားထဲတွင် အမြဲလိုလို အပြည့်တွေ့နေရတတ်သောကြောင့် ဦးကျောဇောပြောသည့် ဝင်စရာရှိသည်ဆိုသောနေရာသည် အရက်ဆိုင်ဖြစ်လိမ့်မည်ဆိုတာကို ဒီမိုးယံ ချက်ချင်းသဘောပေါက်ကာ စိတ်တွေထိုင်းမှိုင်းသွားသည်။

အရက်ဆိုသည်က ဖခင်ဖြစ်သူ အမြဲသောက်ခဲ့တာပါ။ အရက်ကိုစွဲနေသည်မှာ တစ်သက်လောက်ရှိပြီဟု ပြောလို့ရအောင်ကို သောက်ခဲ့ခြင်းဖြစ်သည်။ မူးရူးသောင်းကျန်းတာမရှိပေမယ့် အရင်ကတော့ အရက်လေးဝင်လျှင် ရွှင်ရွှင်ပျပျနှင့် စကားဆို နောက်ပြောင်တတ်သည်။

မိခင်ဖြစ်သူ မရှိတော့သည့် နောက်ပိုင်းတွင်မူ အရက်သောက်ပြီးတာတောင် ဦးကျော်ဇော မရွှင်ပျတော့တာကို ဒီမိုးယံ မြင်နေရသည်။ စကားနည်းသည်ထက်လည်း ပိုနည်းလာသည်။ အိမ်မှာရှိသည့်အချိန်သည်လည်း နည်းသည်ထက်နညး်လာသလို အိမ်မှာရှိသည့် အချိန်များတွင်လည်း ခြံထဲမှ ပက်လက်ကုလားတိုင်တွင် ထိုင်ကာ တစ်နေရာရာကို တွေဝေငေးကြည့်နေသည်ကလွဲလျှင် တုတ်တုတ်မျှမလှုပ်တော့။

မိခင်ဖြစ်သူ ဒေါ်မြလေးကို အသက်လောက်ချစ်သည့် ဖခင်အကြောင်းကို သူ သိသည်။ မိခင်ဖြစ်သူ မျက်နှာတစ်ချက်ညှိုးလျှင်ပင် နေစရာမရှိတတ်တော့သည်လူလေ။ အခုတော့ ရှိသမျှသောကကို ကြိတ်မှိတ်ခံစားကာ အရက်များနှင့် အပူတွေကို အရည်ဖျော်နေသည့် ဖခင်ကို သူ အပြစ်မတင်ချင်တော့။

ဆူးWhere stories live. Discover now