အပိုင်း ၂၂

15.8K 1.9K 151
                                    

ညရှစ်နာရီဆိုသောအချိန်သည် နောက်ကျလွန်းသည်တော့ မဟုတ်ပါ။ ဒါပေမယ့် ရှိုင်းထွဋ်တို့ လမ်းထဲမှာတော့ လှုပ်ရှားသွားလာမှုမရှိတော့။ သူ ဆင်းခဲ့သည့် ကားမှတ်တိုင်မှာတော့ လမ်းဘေးစျေးသည်လေးတွေရော၊ လက်တွန်းအကင်သည်တွေနှင့်ရော ရုံးပြန်၊ ကျူရှင်ပြန်နေသူတွေနှင့်ပါ လူစည်နေသေးသည်။ ဒါပေမယ့် ရပ်ကွက်အတွင်းပိုင်းသို့ ရောက်လာလေလေ ဖြတ်သန်းသွားလာသူတွေ နည်းလာလေလေဖြစ်သည်။

ကောင်းကင်ထက်မှာတော့ ကြယ််တွေစုံနေပြန်ပြီဖြစ်သည်။ မြို့ပြ၏လင်းလက်မှုများက သူတို့ရပ်ကွက်လေးထဲထိ တောက်ပနိုင်ခြင်းမရှိသေးတာကို ရှိုင်းထွဋ် ကျေနပ်မိသည်။ သိပ်မတောက်ပနိုင်သည့် မီးအားနည်း မီးသီးရောင်လေးများနှင့် အိမ်ငယ်လေးများသည် ရိုးရိုးလေးနှင့်လှနေပါသည်။

သူတို့အိမ်ရှိရာ လမ်းကြားထိပ်သို့ ချိုးကွေ့ဝင်လိုက်သည်နှင့် မှောင်မည်းတိတ်ဆိတ်နေသော အိမ်လေးကို လှမ်းမကြည့်ဘဲ မနေနိုင်။

အချိန်တွေ ကြာခဲ့ပါပြီ။

သုံးနှစ်။

သုံးနှစ်ဆိုသည့် အချိန်ကာလသည် အတိတ်မှဖြစ်ရပ်တစ်ချို့ကို မေ့ပစ်နိုင်လောက်အောင် ကူညီပေးသင့်သည်။ ပြောင်းလဲခဲ့သည့် အရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ မနည်းတော့။

လူးလိမ့်နေအောင် ခံစားခဲ့ရသည်။

ဆောက်တည်ရာမရအောင် နာကျင်ခဲ့ရသည်။

ဖြစ်နိုင်လျှင် သူ့ဘဝမှာ ဒီသုံးနှစ်ဆိုသည့်အချိန်ကာလတွေကို ဘာအမှတ်အသားမှ မကျန်ခဲ့အောင် ဖျက်ခွင့်ရချင်သည်။

ဒါပေမယ့် ဘဝဆိုတာ ခဲတံနှင့်ရေးထားသည့် စက္ကူပေါ်မှ ဇာတ်လမ်းတစ်ပုဒ်မဟုတ်။

တကယ်လို့သာ ဆိုသည့် ဝေါဟာရတစ်ခုသည် သူ အမုန်းတီးဆုံး အရာများထဲတွင် ပါခဲ့သည်။ ဒါပေမယ့်လည်း တကယ်လို့သာ ဆိုသည့် အတွေးများစွာနှင့် သူ ဒီ သုံးနှစ်လုံး ရှင်သန်ခဲ့သည်။ Alice ကလေးမလေးလို ရုန်းထွက်မရသည့် အိပ်မက်ကမ္ဘာထဲမှာ တဝဲလည်လည် ပြေးလွှားမောပန်းခဲ့သည်။

ဆူးWhere stories live. Discover now