အပိုင်း ၃၂

15.8K 1.7K 32
                                    

တဖွဲဖွဲရွာနေသော မိုးစက်များသည် အခန်းထဲမှ အပြင်မထွက်ဖို့ တားနေသလို။ စွတ်စိုထိုင်းမှိုင်းမှုက ပြတင်းမှန်များကြားမှ တိုးဝင်လာနေသည်လားဟု အထင်မှားရသည်။ ဟိုတယ်ခန်းမ၏ စားသောက်ခန်းတွင် မနက်စာစားနေသော ဒီမိုးယံတို့နှစ်ယောက်စလုံး၏ မျက်နှာများက မသာယာ။

"ဒီအတိုင်းဆိုရင် ဘယ်မှသွားလို့ရမှာမဟုတ်ဘူး။"

ဒီမိုးယံလေသံက အားမရှိ။ ဒီမှာက မိုးရွာသည်ဆိုလျှင် စိုရုံသာမဟုတ်။ အရိုးကွဲအောင် အေးသေးသည်။ လေကလည်း ကြမ်းနေသည်ကို အခန်းပြင်မှ သစ်ပင်များနှင့် သစ်ကိုင်းများယိမ်းထိုးနေသည်ကို ကြည့်လိုက်ရုံနှင့် သိနိုင်သည်။ ပင်စည်ရော၊ အကိုင်းတွေပါ လေအရှိန်နှင့် တခြမ်းစောင်းနေသည်မှာ ပြန်မတ်မလာနိုင်။ ဒီလေနှင့်သာဆိုလျှင် ထီးဖွင့်လိုက်သည်နှင့် ကိုင်းကျိုးလျှင်ကျိုး၊ မဟုတ်လျှင် ပြောင်းပြန်ပက်လက်ဖြစ်သွားမှာ သေချာသည်။

"မသွားဘဲတော့ မနေနိုင်ပါဘူးကွာ။ လည်ဖို့က သုံးရက်ပဲအချိန်ရတာ။ ဒီနေ့က ဒုတိယနေ့။ သဘက်ခါဆို မင်း rehearsal တွေစပြီး မအားဘူးဆို။"

"အင်း။ အဲဒါတော့ဟုတ်တယ်။"

ဒီမိုးယံ ကော်ဖီခွက်ကို မော့သောက်ရင်း မျှော်လင့်ချက်ကြီးစွာဖြင့် အပြင်ကိုလှမ်းကြည့်ပေမယ့် လေတိုက်နှုန်းသည် သူ မျှော်လင့်နေသလို လျော့မသွားပါ။

"ပြတိုက်ပဲသွားရအောင်ကွာ။"

ပါရီမြို့မှာ သူ အရောက်ချင်ဆုံးပြတိုက်နှစ်ခုရှိသည်။ အင်ပရက်ရှင်းနစ်ပန်းချီကားများ စုဝေးတည်ရှိရာ Orsay museum နှင့် Lourve ပြတိုက်ကြီးဖြစ်သည်။ ကမ္ဘာ့သမိုင်းဝင်ပန်းချီများ၊ ရှေးဟောင်းအမွေအနှစ်များ၊ ရုပ်တုများကို ထိန်းသိမ်းထားရသည့်နေရာများဖြစ်၍ သူ ရောက်ဖူးချင်သည်။ နောက်ပြီး ပန်းချီအကြောင်းကို နကန်းတစ်လုံးမှ နားမလည်ပေမယ့် ခံစားကြည့်ချင်သည်။ မိုးရွာကာ လည်ပတ်ရန်ခက်ခဲသော ဒီလိုနေ့ရက်များအတွက် မိုးလုံလေလုံနေရာတစ်ခုဖြစ်သော ပြတိုက်သည်သာလျှင် သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးဖြစ်လိမ့်မည်ဖြစ်သောကြောင့် ရှိုင်းထွဋ်ကိုတိုက်တွန်းဖြစ်ခြင်းဖြစ်သည်။

ဆူးWhere stories live. Discover now