I Can Hear Your Voice-37(Z,U)

7.3K 1K 53
                                    

(zawgyi)

" ဘာလို့ သူပြောတာတွေငြိမ်ခံနေရတာလဲ ဝိုင်...တစ်ခုခုတော့ ပြန်ပြောသင့်တယ်မဟုတ်လား...ဘာလို့ တစ်ခွန်းမှမပြောလိုက်တာလဲ..."

ဒေါ်စံပယ်ညို အခန်းထဲမှ ထွက်သွားခဲ့သည်နှင့် မိုးလင်းက ဝိုင့်ကို ဒေါသတကြီး ပြောလိုက်သည်။
သူ ရောက်မလာခဲ့ရင် ဝိုင်က ဒီလိုပဲ ဘာမှမဟုတ်သည့် ဟာကို ငြိမ်ခံနေမှာလား...။

" မပြောလိုက်တာမဟုတ်ပါဘူး မိုးလင်းရာ မပြောဖြစ်လိုက်တာပါ...ပြောစရာလည်းမလိုဘူးလေ...အခု ကျွန်တော့်အစားမိုးလင်းပြောပေးလိုက်တာပဲ.."

" အဲ့ဒါက ကိုယ်ရောက်နေခဲ့လို့လေ...
ကိုယ်သာရောက်မလာဘူးဆိုရင်..
မင်း ဒီလိုပဲ ငြိမ်ခံနေမှာမလား.."

မိုးလင်းက ဝိုင့်အစား ဒေါသတွေထွက်ပေးနေပေမယ့် ဝိုင်က တကယ့်ကို ခပ်အေးအေး။မိုးလင်းကို လေပြေလေးနှင့် ပြောနေရှာတာ။

" မဟုတ်ဘူး ကျွန်တော်ကအရမ်းအံ့သြနေတာ...ဘာလို့ရောက်လာခဲ့သလဲဆိုတာ..သူနဲ့တောင်တစ်ခေါက်ပဲဆုံဖူးတာလေ...ဆုံလိုက်တဲ့အချိန်တုန်းကလဲ..သော်က ကျွန်တော်နဲ့မိတ်ဆက်
ပေးခဲ့တာမဟုတ်ဘူး...အဲ့ဒါကိုဘယ်လိုလုပ်ပြီး
ကျွန်တော့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့ရတာလဲမသိဘူး..."

မိုးလင်းမှာတော့ မခံနိုင်...။အို ဒေါ်စံပယ်ညို ဆိုတသည့် သူကြည့်မရသည့် ဘွားတော်က သူချစ်ရသည့် ဝိုင့်ကို နှုတ်နှင့်မပြောလေနဲ့ မျက်စောင်းလှမ်းထိုးရင်တောင် ကြိုက်သည့် ကောင်မဟုတ်ဘူး...။

ထို့ကြောင့် ဒေါသထွက်သည်။ဒေါသထွက်တာထက်ကိုပိုသည်။
သို့ကြောင့် ငြိမ်ခံနေသည့် ဝိုင့်ကိုသာဖိမဲမိသည်။

" ဘယ်လိုလုပ်ပြီးရောက်လာခဲ့တာလဲ
ဆိုတော့ မင်းနဲ့သော်နဲ့ကိုခွဲဖို့ပေါ့....
မင်းတို့နဲ့ဆုံလိုက်တဲ့အချိန်တုန်းကမင်းကို
သူသေချာလေ့လာခဲ့လို့ပဲ...သူ့မျက်လုံး
ထဲမှာသော်တန်ဖိုးထားရတဲ့သူအဖြစ်
မင်းကိုမြင်ခဲ့လို့ မင်းဆီရောက်လာခဲ့တာ
ပြောလို့မကောင်းပေမယ့် သော့်ရဲ့အဖေ
နဲ့ပတ်သက်နေတဲ့သူမို့မြင်တွေ့နေရတဲ့အချိန်တွေရှိတယ်ဒါကြောင့်သူဘယ်လိုလူစားမျိုးလဲဆိုတာကောင်းကောင်းသိတယ်...သော်နဲ့သူ့အဖေသဘောထားချင်းမတိုက်ဆိုင်ပါဘူးဆို ပိုဆိုးအောင်လုပ်နေတာလည်း သူပဲ...သော့်အဖေဘေး
ကိုဒီမိန်းမဘယ်လိုရောက်လာခဲ့သလဲ
မသိပေမယ့် သော့်ဘဝထဲကိုတော့ဒုက္ခ
တွေပေးဖို့ရောက်လာခဲ့တာပဲ..."

I Can Hear Your Voice (Completed)Where stories live. Discover now