အခန်း ၅၅

5.1K 368 2
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ

မိန်းကလေးထွက်သွားပြီးနောက် သူနာပြုအခန်းဟာ ချက်ချင်း တိတ်ဆိတ်သွား၏ ။

ချောင် အားမွေးခဲ့ပြီး သူမစိတ်ထဲ အရှိတိုင်း သူ့ကို မေးခဲ့သည်။

"အဲဒီ မိန်းကလေးနဲ့ အတူတူရှိနေတာလား?"

မေးပြီးချင်းချင်းပဲ သူမ လျှာကို အနည်းငယ် ကိုက်လုနီးပါးဖြစ်သွားသည်။

လု သူမကို စပ်စုတဲ့မိန်းကလေးလို့ ထင်သွားမလား?

ချောင် သူ့မျက်နှာအမူအရာကို မသိမသာ အကဲခတ်ရင်း သူမမျက်လုံးကို စိုးရိမ်စွာ ပြောင်းသည်။

မေးခွန်းအဆုံးမှာ လု မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး စာအုပ်ကိုကြည့်နေရာမှာ သူမကိုကြည့်ပြီး ခပ်အေးအေး အသံတစ်ခုနှင့် ပြောလိုက်သည်က...

"မဟုတ်ဘူး"

"အိုး" ဟုပြောရင်း ချောင် ခေါင်းညိတ်သည်။

လု သူ့စာအုပ်ကို ပြန်ဖတ်သည်။

ခဏကြာသော် လု ထပ်ပြော၏ ။

" ငါတို့အခန်းက activity တစ်ခု လုပ်ဖို့စီစဉ်နေကြတာ ငါတို့နှစ်ယောက်လုံးပါတယ်လေ"

စကားပြောနေပေမယ့် သူ့ ခပ်ချေချေမျက်နှာကတော့ ပျောက်မသွားပါ။

သူ့စာအုပ်ကို ဖတ်နေဆဲပင်။

ချောင် စောင်ကို အပြည့်ခြုံလိုက်ပြီး အသံတိတ်က သွားပေါ်သည်အထိ ပြုံးခဲ့သည်။

ရာသီလာတာကြောင့် ကိုက်ခဲနေသည့်အတွက် သူနာပြုဆရာမမှာ သူမကို အကိုက်အခဲပျောက်ဆေးပေး၏ ။

ချောင် ပိုက်ဆံရှင်းမည်အလုပ် လုက ဒေါ်လာ ၃၀ ကို သူနာပြုဆရာမလက်ထဲ ပေး၏ ။

သူနာပြုရုံးခန်းတံခါးဝ၌ လုနားကို မရောက်ခင် ချောင် ခဏ ​တွေးနေခဲ့သည်။

ပိုက်ဆံအိတ်ထဲက ဒေါ်လာ ၅၀ ထုတ်ပြီး လုကို ပေး၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now