အခန်း ၅၆

5.3K 400 13
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ

ဟန်ဂျိုးကို ကြိုက်ခဲ့သည်မှာ လှပသော မြို့တော်ဖြစ်သည့်အတွက်သာ။

သူမအတွက် တကယ်တမ်းမှာ လုကျင်းညန်ထက် ဘယ်မြို့ကမှ မလှပပေ။

လုနှင့်အနေနီးဖို့... သူမတက်ချင်သောတက္ကသိုလ်ကို တက်ရဖို့ တစ်ပြိုင်တည်းမဖြစ်နိုင်မှန်း သိခဲ့သည်။

ဒါပေမယ့် သူမ ရှေ့ဆက်ကြိုးစားချင်သေး၏ ။

ထိုနေ့တွင် ပန်းတိုင်တခုကို သတ်မှတ်ထားခဲ့၏ ။

လု တက်ရောက်မည့်တက္ကသိုလ်ကို တက်ခွင့်ရပြီး လုရဲ့အတန်းဖော်ဖြစ်လာဖို့...

ပထမအခန်းကို တက်ရောက်ဖို့ထက် တက္ကသိုလ်ဝင်ခွင့်ရဖို့က ပို၍အခက်အခဲများစွာရှိသည်။

ထိုနေ့ကစ စာမေးပွဲကြီးပြီးသည့်တိုင် စာကိုသာ ဖိဖိစီးစီးလုပ်ခဲ့သည်။

စာလေ့လာခြင်း၊

အိပ်စက်ခြင်း၊

စားသောက်ခြင်း၊

လုအကြောင်းကို တွေးတောခြင်းကနေ သူမစိတ်ဓာတ်အားမြှင့်တင်ခြင်း စသောအလုပ်များမှအပ ကျန်တာဘာမှမလုပ်ခဲ့။

သူမ၏ အပြင်းအထန်ကြိုးစားမှုက အံ့အားသင့်စရာကောင်းသော ရလဒ်များကို ထပ်ရစေခဲ့သည်။

ရှီကျားမူနှင့်တစ်မှတ်သာနိမ့်ခဲ့ပြီး ထိုအမှတ်က အေ တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပေသည်။

သူမရဲ့ ရလဒ်ကိုကြည့်ပြီးနောက် လုရဲ့ ရလဒ်ကိုရှာဖွေခဲ့သည်။

လုသည် ရှီကျားမူထက် ၁၀ မှတ်သာခဲ့၏ ။

သူတို့အားလုံး အေ တက္ကသိုလ်ကို ဝင်ခွင့်ရကြပြီဖြစ်သောကြောင့် ဝမ်းသာမှုဖြင့် ငိုတော့သည်။

သူမရဲ့ အိမ်မက်များ နောက်ဆုံးအမှန်တကယ်ဖြစ်လာခဲ့လေပြီ။

ပူပြင်းသော နွေတစ်နေ့ ချောင် တက္ကသိုလ်ဝင်ခွင့်စာလက်ခံရရှိပြီး နောက် ဆောင်းဦးတစ်နေ့မှာ အေ တက္ကသိုလ်ကို ပျော်ရွှင်စွာသွားခဲ့သည်။

ရှီကျားမူလည်း အေ တက္ကသိုလ် တက်ရောက်သည်အထင်နှင့် အအေးသောက်ဖို့ ဖိတ်ခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now