အခန်း ၆၈

5K 408 2
                                    

ဒီမှာလက်မှတ်ထိုး

ချောင် လုအိမ်မှာနေလာတာ တစ်နှစ်နီးပြီးရှိပြီဖြစ်စ်ပြီး သုံးလအတွင်း'အချိန်လွန်'ဇာတ်လမ်းရိုက်ကူးမှုပြီးလို့ ပြန်လာတိုင်း အိမ်မှာ ပြောင်သလင်းခါနေပြီး ဂရုစိုက်ရှင်းလင်းပေးမည့်လူတစ်ယောက်မှ မရှိခဲ့ပေ။

အခု သူကဘာလို့ အဒေါ်ချန်ကို နေခိုင်းရတာလဲ?

ချောင် ပဟေဠိဆန်နေခဲ့ပေမယ့် သူ့ကိုဘယ်တော့မှ နားမလည်ကတည်းက လေးလေးနက်နက်မတွေးတော့ပေ။

အဒေါ်ချိန်ရောက်ရှိမှု့ကြောင့် ဘာမှမရှိသည့်ရေခဲသေတ္တာသည် အသားငါးနှင့် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များဖြင့် ပြည့်နေသည်။

အဒေါ်ချန်မှာ မသန့်ပြန်သော်လည်း ကြည့်ကောင်း၏ ။

ချောင်ရဲ့နှာသံကို ကြားကတည်းက အအေးမိနေသည်ကို သဘောပေါက်ပြီး သူမကို ဆေးဖက်ဝင်စွပ်ပြုတ် အထူးတလည် ပြုလုပ်ပေးခဲ့သည်။

အဒေါ်ချောင်ရဲ့ပြုစုမှု့ကြောင့် အလျင်အမြန် နေကောင်းလာကြီး ရုပ်ရှင်ပြန်ရိုက်နိုင်ခဲ့သည်။

သူမဖျားနေတာကြောင့် လွန်ခဲ့သောနှစ်ရက်က အပြင်မထွက်ခဲ့ရပါ။

ယခုတွင် သူမရဲ့စိတ်ရော ကိုယ်ရော ပြန်လည်ကျန်းမာလာပြီဖြစ်သည်သာမက သူမရဲ့စိတ်သည်လည်း ယခင်ထက်ပိုမိုတက်ကြွလာသည်။

ူသူမမနက်စာဝဝစားပြီးနောက် ရာသီဥတုကောင်းသည့်အတွက် လမ်းလျောက်ဖို့ဆုံးဖြတ်ခဲ့သည်။

ဆောင်းရာသီမဟုတ်ပေမယ့်လည်း နေအရမ်းမသာခဲ့ပေ။

ချန်ဟာ လက်ဗလာနှင့်ထွက်သွားသော ချောင့်ကိုမြင်ပြီး ထီးအပြေးယူကာ "သခင်မလေးလု နေပူရင် ကိုယ်လူံအောင် ထီးကလေးဆောင်းသွားပါကွယ်"

ချောင့်အသားရေသည် နေရောင်ခံလို့မရပေ။

ထို့ကြောင့်အဒေါ်ချန့်စကားနားထောင်ခဲ့သည်။

အပြင်တွင် နေပူလာသောအခါ ထီးဖွင့်ဆောင်းသွား၏ ။

ချန်ဟာ အိမ်ပြန်လာပြီး မီးဖိုချောင်ကို ရှင်းလင်းခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now