အခန်း ၆၉

5.1K 438 7
                                    

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

လုမှာ သူ့စာကြည့်ခန်းထဲဝင်သွားပြီး စာရွက်စာတမ်းတစ်ခုကို ယူကာ အောက်ဘက်ကို ပြန်ဆင်း၏ ။

အဒေါ်ချန်ဟာ ဓာတ်လှေကားထဲက ထွက်လာသည့်လုကို မြင်တဲ့အခါ သူမလုပ်နေသည့်အလုပ်ကိုပင် ချက်ချင်းရပ်လိုက်ပြီး...

"သခင်လေးလု ထွက်လာပြီလား?"

လု ခေါင်းညိတ်သည်။

မျက်နှာအမူအယာမှာ ဘာခံစားချက်မှ မရှိဘဲ သူ့ဖိနပ်လဲဖို့ ဖိနပ်ခန်းငယ်ဆီကို လမ်းလျောက်သွားသည်။

အခန်းသော့ကို ဖွင့်ဖို့လက်လှမ်းနေတုန်း သူနောက်လှည့်ကြည့်ခဲ့တဲ့အခါ ရှေးခေတ်ကြွေပန်းအိုးတစ်လုံးကို သန့်ရှင်းရေးလုပ်နေသည့် အဒေါ်ချန်ကို တွေ့သည်။

စက္ကန့်အနည်းငယ်လောက်ရပ်ပြီး မေးလိုက်သည်။

"ဒီရက်တွေမှာ သခင်မလုရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုနေလဲ?"

"သခင်မလေးလုက မနေ့ကပဲ ပြန်နေကောင်းလာပြီ သခင်လေး...သူ့စိတ်လည်း တော်တော်လေးကို လန်းဆန်းတက်ကြွလာတယ် သခင်လေး...သခင်မလေးမှာ တစ်ခြားထွေထွေထူးထူးကိစ္စ​တော့ရှိမယ်မထင်မိဘူး" ဟူ၍ မှန်မှန်ကန်ကန် အစီရင်ခံတင်ပြ၏ ။

အဒေါ်ချန်တောင် စကားမဆုံးသေး...လုတစ်ယောက် သူ့ကားသော့တွေကိုင်ပြီး ထွက်သွားတော့သည်။

သူဟာ ချောင့်အခြေအနေကို မမေးခဲ့သလို ဟန်ဆောင်ခဲ့ပေမယ့် သူ့ကိုသတင်းတင်ပြဖို့ အဒေါ်ချန်ကို တွန်းအားပေးခဲ့သည်။

လု ကားတံခါးကို ဖွင့်လိုက်ပြီး ဝင်သည်။

ပြောင်ရှင်းနေသောလမ်းမထဲသို့ မောင်းကွေ့ခဲ့၏ ။

ကားဘက်မှန်ကနေ လမ်းမကိုကြည့်ခဲ့တဲ့အခါ ချောင့်ကို မြင်သွားသည်။

ချောင်းဟာ ထီးဆောင်းထားလျက် ပန်းများခူးလို့နေသည်။

ကားကို ဘရိတ်အုပ် အရှိန်လျော့လိုက်ပြီး စီးကရက်မသောက် ချောင့်ကိုအတော်ကြာ စူးစိုက်ကြည့်နေခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now