Chapter 351

1.3K 154 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-4

ယီယွမ်က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီဝင်္ကပါတွေက တကယ်ကိုပဲ မခက်ခဲပါဘူး….."

ဝေ့ရှောင်း၏မျက်နှာမှ မကျေနပ်မှုများက ပို၍ပင်ကြီးမားလာခဲ့၏။ "ဆက်ပြီးတော့

ခေါင်းမာနေတုန်းလား… ဒီဝင်္ကပါသုံးခုက တည်ထောင်သူဖခင်ကြီးရဲ့ ဝင်္ကပါလမ်း တည်ရှိနေတဲ့အရာတွေပဲ… မင်းလို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် ငချွတ်ကလေးက တကယ်ကိုပဲ အဲဒီဝင်္ကပါတွေက ရိုးရှင်းလွယ်ကူတယ်လို့ ပြောရဲတယ်လား… ကောင်းကင်ကြီးက ဘယ်လောက်အထိ မြင့်မားတယ်ဆိုတာနဲ့ မြေကြီးက ဘယ်လောက်အထိ နက်ရှိုင်းတယ်ဆိုတာကို တကယ်မသိရှိဘူးပဲ….."

ယီယွမ်က ကူရာကယ်ရာမဲ့သလို ဖြစ်သွားခဲ့သည်။ သူကမည်သို့ပင် ရှင်းပြနေစေကာမူ ဤအဖိုးကြီးက ထိုအရာကို ယုံကြည်ပေးမည် မဟုတ်ကြောင်း သိနေခဲ့ပေ၏။

အဆင့်နိမ့် သဘာဝသလင်းတုံးများကို အသာအယာ ထုတ်ယူလိုက်ပြီး ယီယွမ်က ဝေ့ရှောင်းကို အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "အဖိုးဝေ့ သေချာကြည့်ပါဦး….."

စကားအဆုံးတွင် ယီယွမ်က ထိုအဆင့်နိမ့် သဘာဝသလင်းတုံးများကို မက်မွန်ပင်တစ်ပင်၏ အနီးပတ်ဝန်းကျင်တွင် သာမန်ကာလျှံကာ ချထားလိုက်ပေ၏။

နောက်ဆုံး

သဘာဝသလင်းတုံးက နေရာယူပြီးသွားသည်နှင့် ထိုသဘာဝသလင်းတုံးများက ရုတ်တရက် လင်းလက်သွားခဲ့ပြီး အမှန်တကယ်ပင် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်း တစ်ခုအတွင်း စီးမျောနေခဲ့ကာ ထိုမက်မွန်ပင်၏ ပတ်ဝန်းကျင်တွင် လှည့်လည်ဝန်းရံနေခဲ့ကြသည်။

နောက်ဆုံးတွင် အလွန်တောက်ပသော အလင်းတန်းများက ထိုသဘာဝသလင်းတုံးများမှ ထွက်ပေါ်လာခဲ့ကာ မက်မွန်ပင်ကို ဖုံးလွှမ်းသွားခဲ့၏။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ထွက်ပေါ်နေခဲ့သော အလင်းများက လုံးဝပင် ပျောက်ကွယ်သွားခဲ့သည်။ ထိုမက်မွန်ပင်က နောက်ထပ်တည်ရှိနေခြင်း မရှိတော့ပေ။ ထိုအပင်က အမှန်တကယ်ပင် အမှုန်မကျန်တော့သည်အထိ ဖျက်ဆီးခံလိုက်ရပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now