Chapter 352

1.3K 155 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-5

ယီယွမ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တွင် သူ၏အခြေခံကို အလွန့်အလွန်ခိုင်မာအောင် လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ယခုအချိန်တွင် တက်ရောက်ခြင်းက အင်အားစိုက်ထုတ်စရာပင် လိုအပ်ခြင်းမရှိပေ။

တစ်ခါတစ်ရံတွင် ကျင့်စဉ်နယ်ပယ်များ ချိုးဖျက်တက်ရောက်ခြင်းက အားမာန်တက်ကြွမှု တစ်ခုတည်းသာ လိုအပ်ပေ၏။ အလွန်အမင်း သတိကြီးမားနေခြင်းက အဆင့်ချိုးဖျက် တက်ရောက်ရာတွင် အောင်မြင်မှုနှုန်းပေါ်၌ သက်ရောက်မှုများ ရှိလာစေနိုင်သည်။

ယီယွမ်က အဆင့်(9) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ခဲ့ချိန်တွင် သူက အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိအောင် စုဆောင်းထားနိုင်ခဲ့ပြီဖြစ်၏။

ယခုအချိန်တွင် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ရန် ရွေးချယ်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

ကိုးစက်က်ိုးခါဖြစ်၍ စိတ်ဝိညာဉ်အရည် ၈၁စက်က ယီယွမ်၏တျန်းထျန်ထဲတွင် ပွက်ပွက်ဆူနေခဲ့၏။ ယီယွမ်၏အော်ရာက မရပ်မနားပင် မြင့်တက်လာခဲ့သည်။

ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ် နတ်ဘုရားသိုင်း၏ လမ်းညွှန်ထိန်းချုပ်မှုကြောင့် ဤကိုးစက်ကိုးခါ စိတ်ဝိညာဉ်အရည် ၈၁စက်က အမှန်တကယ်ပင် ယီယွမ်၏ တျန်းထျန်အတွင်း၌ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် စတင်လည်ပတ်နေခဲ့ကြ၏။

ဤအချိန်တွင် ယီယွမ်က သူ၏တျန်းထျန်အတွင်းမှ ဤစိတ်ဝိညာဉ်အရည်များကို ဖိနှိပ်ထားခြင်းမပြုတော့ဘဲ သူ၏အကြောများထဲသို့ ထိုစိတ်ဝိညာဉ်အရည်များ စီးဆင်းနိုင်ရန် လှည့်ပတ်ပေးလိုက်သည်။

လည်ပတ်နေသော  စိတ်ဝိညာဉ်အရည်က တဖြည်းဖြည်းနှင့် ဝဲကတော့တစ်ခု ဖြစ်လာခဲ့၏။ ပို၍လည်ပတ်လာလေလေ ဝဲကတော့ဖြစ်လာမှုက ပို၍မြန်ဆန်လာခဲ့လေ ဖြစ်သည်။ ပို၍လည်ပတ်လာလေလေ

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now